Chapter 33 ပိုက်ဆံအိတ်ကြိုးများ နှင့် သနားစရာ လင်းဂျင်ရွှမ် ( 2 )

5.2K 752 4
                                    

Chapter 33

ပိုက်ဆံအိတ်ကြိုးများ နှင့် သနားစရာ  လင်းဂျင်ရွှမ် ( 2 )

သူပြောလို့ မပြီးခင်မှာ ပေါင်မုန့်လုံးကြီးက သူ့ကို ပြတ်ပြတ်သားသား နှောက်ယှက်လိုက်သဖြင့် ပိန်လှီနေတဲ့ သူ့မျက်နှာက အသည်းရောင်ပြောင်းသွားတယ်( နီရဲလာတယ်တဲ့ ) ၊ မျက်လုံးဝိုင်းဝိုင်းကြီးတွေက သူ့ကိုရက်စက်ယုတ်မာတဲ့ အပြုအမူတွေ လုပ်ထားသလိုမျိုး မညှာမတာစိုက်ကြည့်နေခဲ့တယ် လင်းဂျင်ရွှမ်သည် ထိုနေရာ၌ပင် ချက်ချင်းအေးခဲသွားသည်။ သူသတ္တိရှိလား.... သူ့ကိုပြောလို့ပြီးအောင် ထားလိုက်ပါ.... 

သားအဖတွေမသိလိုက်ဘဲ သူတို့စကားစမြည်းပြောတိုင်း ဘေးအိမ်က ဒဏ်ရာရသူရဲ့နားကို ရောက်သွားပြီး အဲဒီလူက သူ့နှုတ်ခမ်းတွေကွေးညွှတ်ပြီး သူ့မျက်နှာမှာ သူကိုယ်တိုင်သတိမထားမိတဲ့အပြုံးလေးတွေပေါ်လာခဲ့တယ်။ ဒီလိုဇနီးနဲ့ သားသမီးရှိရတာမဆိုးဘူးလို့ သူ့စိတ်ထဲမှာ ယောင်ဝါးဝါးတောင် တွေးနေမိတယ်။ 

"ဖေဖေ ကျွန်တော်ပြောတာနားထောင်ပါဦး ဖေဖေက ဒီလိုဘဝမျိုးမှာမနေနိုင်ပါဘူး...ခြွေတာတတ်ဖို့ သင်ယူသင့်တယ် ဒုတိယဦးလေးအတွက် ဆေးဝယ်ချင်တာ ကျွန်တော်ကန့်ကွက်မှာ မဟုတ်ဘူး ဒါပေမယ့် တခြားအရာတွေအတွက်တော့ လက်မခံနိုင်ဘူးကျွန်တော်တို့ ဝတ်ထားတဲ့အဝတ်‌တွေက အခုထိအဆင်ပြေ‌နေသေးတယ်....ဟုတ်ပြီလား ??"

"ရပ်လိုက် ! ရှောင်၀မ် ၊ မင်းရဲ့ ကြေးနီဒင်္ဂါးတွေကို ဖေဖေ မသုံးတော့ဘူးလို့ ကတိပေးတယ် ဟုတ်ပြီလား ?"

ပေါင်မုန့်လုံးကြီးသည် ငြီးတွားဆဲ။ လင်းဂျင်ရွှမ်က သူ့ဆံပင်တွေကို ဆွဲဆုပ်လိုက်ပြီး ဆက်မကိုင်နိုင်တော့ဘူး။ အိုးး ဟုတ်ပြီ! ငွေရေးကြေးရေးစီမံနိုင်ခွင့် အာဏာကိုပြန်ယူရမယ်။  သေချာပေါက်ကိုပဲ !!

" အင်း ... အင်း... အဲ့တာဆိုဆင်ပြေတယ် "

ပေါင်မုန့်လုံးလေးမျာက စတင်ပြီး သူ့ဒေါသကို သတိပြုမိလာကြသည် ပေါင်မုန့်လုံးကြီးက ပါးလေးရဲတတ်လာကာ ရှက်ရွံ့သွားပြီး သဘာဝမကျစွာဖြင့် အကြည့်လွဲပြီး အဝေးကိုလှမ်းကြည့်လိုက်သည်။  တစ်ချိန်တည်းမှာပင် ပေါင်မုန့်လုံးလေးက လင်းဂျင်ရွှမ်လက်ကို မဝံ့မရဲ မော့ကြည့်ရင်း လင်းဂျင်ရွှမ်လက်ကို ဆွဲယူလိုက်သည်။ သူတို့‌ ဖေဖေက ပုံမှန်ပြန်ဖြစ်သွားတဲ့‌နောက် ဒါကပထမဆုံးအကြိမ် သူတို့ကိုအော်တာပဲ... ဒါကြောင့် သူတို့က နည်းနည်းတော့ အသုံးမဝင်ပေမယ့်လည်း....

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now