Chapter 93

4.1K 467 1
                                    

☘️ Chapter 93
☘️ နေ့ရက်များဆက်သွားနေခြင်း : သားကြီး၏မိသားစုပရမ်းပတာဖြစ်ခြင်း (၂)

"ဒီဟာကို ယူထား မကောင်းတဲ့လူဆိုးတွေနဲ့တွေ့ရင် ဖြူးပစ်ဖို့မတွန့်ဆုတ်ပါနဲ့"

သူတို့ မထွက်ခင်မှာ လင်းဂျင်ရွှမ်က မနေ့ညက ဆီမီးခွက်အောက်မှာ သူလုပ်ထားတဲ့ အိတ်အဖြူရောင်ကိုပေါင်မုန့်နှစ်လုံးထံအိတ်တစ်လုံးစီပေးလိုက် တယ်။ ဒါပေမယ့် ချုပ်ရိုးကသိပ်မကောင်းဘူး အဲဒီနေ့က လင်းဂျင်ဝေထံ သူသုံးခဲ့တဲ့အဆိပ်တချို့ရှိတယ် တခြားသူတွေကို နာကျင်စေဖို့မရည်ရွယ်ပါဘူးကလေးတွေရဲ့လုံခြုံမှုအတွက်ပါ။ပေါင်မုန့်လုံး လေးတွေက ဒါတွေကို လျှောက်မဖြူးပစ်ဘူးလို့ သူ ယုံတယ်။

"ဟမ် ဖေဖေ သားတို့ သွားတော့မယ်"

ပေါင်မုန့်နှစ်လုံးက သိပ်မမေးဘဲ လင်းဝမ်၏ ဦး ဆောင်မှုအောက်တွင် နှစ်ယောက်က တယောက်ပြီးတယောက်ပြေးထွက်သွားခဲ့သည်။ သူတို့နောက် ကျောကိုကြည့်ရင်း လင်းဂျင်ရွှမ်က တခစ်ခစ်ရယ်ပြီးခေါင်းယမ်းလိုက်သည်။ ကလေးတွေက ကလေးတွေပါပဲ!

"ကော ဒီနေ့ ငါတို့ တောင်ပေါ်သွားမှာလား ?"

အခု ဒီအိုးတွေရပြီဆိုတော့ အလုပ်မစသင့်ဘူးလား?

"အင်း အစ်ကိုကျောက်က နောက်မှလာခဲ့လိမ့်မယ်။ ငါ ဆိုင်ရှင်ကျန့်ကို ယိုဂျင်တစ်ထောင်ကို တတ်နိုင်သမျှမြန်မြန်ချက်ပေးမယ် လို့ကတိပေးထားတယ်"

ထိုင်နေရင်းမှ လင်းဂျင်ရွှမ်သည် လက်ဖက်ရည်သောက်ရင်း ပေါ့ပေါ့ပါးပါးပြောနေသော်လည်း သူ့ခေါင်းထဲတွင် အခြားအရာတစ်ခုကိုတွေးနေခဲ့သည်။  နှစ်ရက်ရှိပြီ၊ သူတို့ လာဖို့ရှိတယ်။

"အင်း ဟုတ်သားပဲ ကော ငါ့ကို မှိုကို ခွဲခြားတတ်အောင် သင်ပေးရဦးမယ်နော် ဟုတ်ပြီလား?"

ဒါကို စိတ်ထဲမှာ စွဲနေတဲ့ လင်းဂျင်ပန်ကမျှော်လင့်တကြီးမေးတယ်။ ယိုလုပ်နည်းကို သူ သင်ယူလုနီးပါးဖြစ်နေပါပြီ။ မှိုသည်လည်း ငွေနှင့်လဲလှယ်နိုင်သည်

"အငါး သေချာတာပေါ့ ဒါပေမယ့်..."

"ဂျင်ရွှမ် မင်း တံခါးကို သော့လဲခတ်မထားဘူး ရှောင်၀မ်နဲ့ ရှောင်ဝူကို ငါမြင်လိုက်ရတယ် ။ သူတို့ ကျောက်ဒါလောင်ဆီ သွားမလို့လို့ပြောသွားတာပဲ မင်း အရမ်းသတိမထားဘူးပဲ။ သူတို့ တစ်ခုခုထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ ?"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now