Chapter 120

3.3K 447 1
                                    

☘️Chapter 120
☘️အိမ်ကြီးဆောက်ရန် လူများငှားရမ်းခြင်း (၂)

ယခုအခါ စစ်နတ်ဘုရားဖြစ်ခဲ့သည့် တော်၀င်မင်း သားရှန်းသည် အခြားသူတစ်ဦးကို နမ်းချင်ရုံအဆင့်သို့ကျဆင်းသွားခဲ့သည်။ တော်၀င်မြို့တော်ရှိအာ ဏာပိုင်ပုဂ္ဂိုလ်ကြီးကသာ ဒါကိုသိခဲ့ပါက သူသည် အလွန်ဒေါသထွက်သွားပြီး သူ့မိသားစု၏မျိုးဆက် ကိုးဆက်ကိုပင်ထိခိုက်စေနိုင်သည်။ ဟုတ်ပါတယ် သူကိုယ်တိုင်လည်း မျိုးဆက်ကိုးဆက်ထဲမှာပါခဲ့ပါတယ်...

"အစ်ကိုကြီး၊ အစ်ကိုလွေ့ မင်းတို့ ဘာတွေပြောနေတာလဲ ? ဘာဆေးလဲ ?"
(T/N: Third wheel innocent လေးကို ခေါ်ထုတ်ကြပါဦး 🥲 #Edit ကိုယ့်မှာတော့ innocent လေးဆိုပြီးအချစ်ပိုရတာ သူအရင်စွံသွားတယ် လူဆိုး)

သူတို့အား စူးစူးစိုက်စိုက်ကြည့်နေသော မျက်လုံးတစ်စုံဖြင့် လင်းဂျင်ပန်က စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။ ဒီလိုကိစ္စမျိုးမှာ သူက သိပ်နုံအလွန်းတယ်။

"ဘာမှ သိစရာမလိုဘူး"

သူသည် သူ၏လိင်ပညာကို ဉာဏ်အလင်းပေးမည့် ဆရာဖြစ်ရန်စိတ်မဝင်စားပေ။ စကားစမြည်ပြောရင်း ရထားလုံးက ရှင်းယွမ်စားသောက်ဆိုင်တံခါးဝမှာရပ်သွားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူတို့သုံးယောက်စလုံး ဆင်းခဲ့ကြပြီး ဆုန်းကန်နွီက အပြင်မှာ စောင့်ကြည့်ဖို့ တာဝန်ရှိနေပါသေးသည်။ မွန်း တည့်ချိန်နီးနေသဖြင့် စားသောက်ဆိုင်သည်လည်း အရောင်းအ၀ယ် အထွတ်အထိပ်သို့ရောက်နေခဲ့သည်။ စားပွဲထိုးများ၏ ဟုတ် ရပါတယ် ဒီဘက် စသည်ဖြင့် လူများအဆက်မပြတ်လာနေခဲ့သည်။

"ညီလေးလင်း မင်းဒီရောက်နေတာလား ? ကျေးဇူး ပြုပြီး အပေါ်ထပ်ကိုလိုက်ခဲ့ပါ"

သူတို့ကို အဝေးကနေမြင်လိုက်ရသည်နှင့် ဆိုင်ရှင်ကျန့်ကသူတို့ကို နွေးထွေးစွာကြိုဆိုဖို့ လှမ်းခေါ်ပြီးလက်ဖက်ရည်နဲ့ မုန့်တွေကျွေးဖို့ စားပွဲထိုးအားအပေါ်ထပ်ကိုခေါ်သွားခိုင်းကာ လင်းဂျင်ရွှမ် ရှာခိုင်းထားတဲ့ လူတွေကိုအကြောင်းကြားလိုက်သည်။

ရှင်းယွမ်စားသောက်ဆိုင်တွင် စုစုပေါင်းသုံးထပ်ရှိသည်။ မြေညီထပ်သည် အစုလိုက်အပြုံလိုက်စားသုံးရန်ဖြစ်သည်။ စားပွဲခုံများနှင့် ထိုင်ခုံများသည် ခမ်းနားပြီးဇိမ်ရှိပုံရသော်လည်း ၎င်းသည်တင်းကျပ် လွန်းနေသေးသည်။ ဒုတိယထပ်တွင် သေတ္တာများအားလုံးကို အထူးပြင်ဆင်ထားပြီး ၎င်းတို့၏ချမ်း သာကြွယ်ဝမှုကို နှစ်သက်သော သို့မဟုတ် လျှို့ဝှက်ရေးကို အလေးထားသည့် ချမ်းသာသော ကလေးများအတွက် အထူးပြင်ဆင်ထားသည်။ဆိုင်ရှင်ကျန့် သည် ၎င်းတို့အား တတိယထပ်၏ ဇိမ်အရှိဆုံး VIP အခန်းသို့တိုက်ရိုက်ခေါ်သွားခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Opowieści tętniące życiem. Odkryj je teraz