Chapter 76

4.3K 579 4
                                    

Chapter 76
စီးပွားရေးလုပ်ငန်းကြီးနှင့် သဘောတူညီချက်ကို ပြန်လည်လက်မှတ်ရေးထိုးခြင်း (2)

လင်းဂျင်ပန်က ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်သို့ လှည့်လိုက်သည်။ ဆိုင်ရှင်ကျန့်၏ခေါင်းထဲတွင် ??? ဖြစ်သွားခဲ့သည်။ လင်းဂျင်ပန် ပြန်လာသောအခါတွင် ယိုအိုးတစ်လုံးသယ်လာခဲ့ပြီး အိုးအ၀တွင် အဝတ်ဖြူတစ်ထည်ဖြင့်အုပ်ထားခဲ့သည်။ လင်းဂျင်ရွှမ်က အဖြူထည်စကိုလှန်ပြီး ဆိုင်ရှင်ရှေ့ကိုမြင်‌သာအောင်ပြလိုက်တယ်။

"မနေ့က ကျွန်တော်တို့ အိုးတစ်လုံးစီအတွက်ငွေတစ်ချောင်းကျတယ် ခင်ဗျားအများကြီးမဝယ်လောက်ဘူးလို့ ကျွန်တော်ထင်ခဲ့တာ ဒါပေမယ့်အခုခင်ဗျားရဲ့ပမာဏကဆယ်ဆကျော်သွားပြီ ဒီလိုအိုးသေးသေးလေးတွေကသိပ်ကြာကြာမခံတော့ဘူး မကြာခင်အိုးတွေကုန်တော့မှာကိုပဲ ကြောက်မိတယ် မြင်တဲ့အတိုင်းပဲ ကျွန်တော်ကလယ်သမားဖြစ်ပြီးကလေးကနှစ်ယောက်ရှိတယ် အိုးတွေဝယ်ဖို့ တခြားနေရာတွေထိမသွားနိုင်ဘူး ဒီအိုးကတစ်လုံးကို တစ်ဂျင်အများဆုံးဆန့်တယ်။ ကျွန်တော်အိုးကိုအဖုံးစည်းလေးတွေ သုံးထားတာဘယ်လိုထင်လဲ ပြီးတော့ ကျွန်တော်တို့ဂျင်နဲ့လဲတွက်လို့ရနိုင်တယ် ကျွန်တော် ခင်ဗျားကို စျေးလျော့ပေးလို့ရပါတယ်။"

စရိတ်စကမရှိသော အချို့သောလုပ်ငန်းသည် သိသာထင်ရှားလှပေသည်။ သူသည် သူ့အသားကို လှီးဖြတ်သကဲ့သို့ပြုမူနိုင်ဆဲဖြစ်သည်။ Oh Man !!

"ဟုတ်ပြီ တစ်အိုးကို ဂျင်းတစ်ရာထက်မပိုဘူး ခင်ဗျားသိပါတယ်၊ အနီးနားက စားသောက်ဆိုင်တွေအားလုံးကို ပို့ပေးရမှာဆိုရင် ခွဲဝေရတာနည်းနည်းခက်တယ်သိတယ်မှတ်လား ကွဲသွားတာမျိုးဖြစ်ရင်လည်းမတတ်နိုင်ဘူး တစ်ခြားတစ်ခုခုဖြစ်ဖြစ် ??"

သူ့လိုအပ်ချက်ကသိပ်တော့မများပါဘူး။ တစ်ဂျင်းအတွက် ငွေတစ်ချောင်း (သို့) အိုးသေးတစ်အိုး အတွက် ငွေတစ်ချောင်းကပိုကုန်ကျသည်မှာ အမှန်ပင်။ ထို့ကြောင့် ဆိုင်ရှင်ကျန့်ထံ ငြင်းဆန်ဖို့ရာအကြောင်းပြချက်မရှိခဲ့ပေ။ စာချုပ်ကို ပြန်လည်ချုပ်ဆိုရန်သာလိုအပ်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now