☘️ Chapter 151

2.6K 325 12
                                    

☘️ Chapter 151
☘️ Invite Chu Ci ; Bring Out The Facts and Reasons (1)


သူ၏ထူးဆန်းသောအပြုံးကို

မြင်လိုက်ရတော့ချူစီ ရင်တွေတဆတ်ဆတ်တုန်ကာ မနေနိုင်တော့ဘဲ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲတွင်မျှော်လင့်ချက်အချို့ တိုးလာသည်။ တော်ဝင်မိသားစုကို မည်ကဲ့သို့ လွှမ်း မိုးသွားသည်ကို သူမြင်ချင်သည်။ တော်၀င်မိသားစုသည် သက်တောင့်သက်သာရှိသော ဘဝကိုရှည် လျားစွာနေထိုင်ခဲ့ကြသည်။ သူတို့ကို ဒုက္ခပေးရမယ့် အချိန်ရောက်တာဖြစ်နိုင်တယ်။ ၎င်းသည် သူနှင့် သူ ၏ရန်အာကို မတူညီသောအနာဂတ်ကိုရရှိစေလာနိုင်သည်။

"ဖေဖေ!"

အိမ်နောက်ဖေးမှာ စာဖတ်သံက ဘယ်အချိန်ကရပ်သွားမှန်း ဘယ်သူမှမသိလိုက်ချေ။ ရှင်းရှင်းလင်း လင်း 'ဖေဖေ' ဆိုသည့်အသံနှင့် နောက်တစက္ကန့်တွင်၊ ပေါင်မုန့်လုံးလေးသည် သူ့ရှေ့သို့ပြေးလာပြီးချစ်ဖို့ကောင်းစွာ ခါးကိုဆုပ်ကိုင်ထားသည်။ လင်းဂျင်ရွှမ်က ရယ်စရာတွေ့သွားပြီး

"ဖေဖေ့ရဲ့ ပေါင်မုန့်လုံးလေးက ပိုဉာဏ်ကောင်းလာလားလို့ ဖေဖေကြည့်ရအောင်။"

တစ်လကျော်ကြာအားထုတ်ပြီးနောက်၊ ပေါင်မုန့်နှစ်လုံးသည် အသားပေါင်မုန့်များနှင့် အနည်းငယ်ဝေးနေသေးသော်လည်း၊ ၎င်းတို့သည်အလွန်ပိန်ပါးပြီး မမဲတော့ပါချေ။ ယခုအခါအလွန်ချစ်စရာကောင်းနေ‌လေတော့သည်။ အခုထက်ပိုပြီး အသားတွေပိုပေါလာရင် သူတို့ကအသားပေါင်မုန့်လေးတွေဖြစ် လာလိမ့်မယ်။

"ဖေဖေ! ဖေဖေ သားကိုထပ်ပြီးအနိုင်ကျင့်တယ်~"

နှာခေါင်းရှုံ့တွပြီးနုတ်ခမ်ဆူကာ ပေါင်မုန့်လုံးလေးက 'ကန့်ကွက်လိုက်သည်'။ အရင်က သူဉာဏ်မမီလို့လား ? ဒါပေမဲ့ ဦးလေးချူနဲ့ အစ်ကိုရန်တို့က သူ့ကိုတော်ပြီးချစ်ဖို့ကောင်းတယ်လို့ မကြာခဏချီးကျူးကြတယ်မဟုတ်ပါလား။

ဟုတ်တယ် မင်းတစ်ယောက်ကသာ ငါအနိုင်ကျင့်ချင်တဲ့သူပဲ။ ဒါပေါ့ လင်းဂျင်ရွှမ်က အဲဒီစကားတွေကို သူ့ရှေ့မှာဘယ်တော့မှထုတ်ပြောလာမှာမဟုတ်ပါဘူး။ ပြုံးလျက်နောက်ကလိုက်လာသော လင်း၀မ် တိုင်၀မ်နှင့် ချူရန်တို့ကိုကြည့်လိုက်သည်။ သူသည် လင်း၀မ်နှင့် တိုင်၀မ်ကို လက်တစ်ဖက်ဖြင့်လာရန် အချက်ပြခဲ့ပြီး ချူစီကိုမျက်လုံးမှိတ်ပြကာ

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now