Chapter 128

3.6K 458 9
                                    

အခန်း ၁၂၈
ခွေးကိုက်ခံရခြင်း (၂)

လင်းဂျင်ရွှမ်သည် သဘောပေါက်သွားပြီး ဖီးနစ်မျက်လုံးတစ်စုံသည် ချက်ချင်းနှစ်မြုပ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် လင်းဂျင်ရွှမ်သည် သူ၏မျက်နှာကိုထိကာ လေးလေးနက်နက်ပြောခဲ့သည်

"ငါတို့နှစ်ယောက်စလုံးက ယောက်ျားတွေပဲ ငါတို့ကမိန်းမတွေလိုပြုမူနေစရာမလိုဘူး။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောမယ်။ ရှန်းလွေ့ တခြားသူတွေ   မသိတဲ့အရာတွေအများကြီးကို ဘာလို့သိတာလဲလို့ တွေးကြည့်ဖူးလား ? မင်းကိုရှာဖို့တောင် မထိုက် တန်သလိုတခြားသူတွေရှေ့မှာ မင်းဘာလို့ ဒီလောက်မောက်မာပြီးကြီးစိုးနေတာလဲ။ လူအများကဒဏ်ရာ သို့ ဆေးကြောင့် မှတ်ဉာဏ်တွေဆုံးရှုံးကြပေမယ့်လည်း မွေးရာပါရဲစွမ်းသတ္တိ၊ စွမ်းရည်တွေနဲ့ အလေ့အထဟောင်းတွေကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူး။ မင်းရဲ့မျက်လုံးထဲမှာ ဘယ်သူ့ကိုမှထည့်မတွက်တဲ့လူကသာ မင်းအစစ်ဖြစ်နိုင်တယ်။ ရိုးရိုးသားသားပြောရရင် ငါမင်းကို သဘောကျတာက ကလေးတွေကြောင့်ပဲမဟုတ်ဘူး၊ ဒါပေမယ့် လက်ရှိမင်းက တကယ့်အစစ်အမှန်မဟုတ်သေးဘူး။ တစ်နေ့နေ့မှာ မင်းရဲ့မှတ်ဉာဏ်တွေကိုပြန်ရခဲ့မယ်ဆိုရင် မင်းဒီလိုပဲဖြစ်နေမှာသေချာရဲ့လား ? ငါဘယ်လိုလူလဲဆိုတာ မင်းသိထားရမယ်။ အချစ်ရေးမှာ အလွန်အကျွံကျွမ်း ဝင်ပြီးရင် လမ်းတစ်ဝက်နဲ့ ထွက်သွားဖို့ရွေးချယ်လိုက်တဲ့အခါ ငါ့ရဲ့ပင်ကိုယ်စရိုက်ကြောင့် မင်းဘယ်သွားသွားမင်းနောက်ကို လိုက်နေမိမှာသေချာတယ်။ အဲဒီအချိန်မှာ သနားစရာအကောင်းဆုံးလူတွေက ငါ့ သားတွေပဲဖြစ်လိမ့်မယ်။ ရှန်းလွေ့ ငါ မင်းနဲ့လက် ထပ်မယ်လို့ကတိပေးတယ်။ ဒါပေမယ့် မင်းရဲ့မှတ် ဉာဏ်တွေပြန်ရပြီးမှသာ ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ အဲ့ဒီအချိန်ထိ မင်းစိတ်မပြောင်းသေးရင် ငါတို့ လက်ထပ်ကြတာပေါ့"

ဒါဟာ သူလုပ်ပေးနိုင်တဲ့ အကြီးမားဆုံးကတိတစ်ခုဖြစ်ပြီး သူ့မှတ်ဉာဏ်တွေကို ပြန်ရပြီးနောက်မှာ သူစိတ်မပြောင်းသရွေ့ အိမ်ထောင်ရေးတစ်ခုထူ ထောင်ဖို့ကြိုးစားချင်စိတ်ရှိခဲ့ပါတယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now