Chapter 114

3.2K 511 0
                                    

☘️ Chapter 114
☘️ စာချုပ်မှာလက်မှတ်ရေးထိုးခြင်း ၊ ငွေပေးချေခြင်း (၂)

"အင်း ဒါဆို ဝယ်လိုက်မယ်။ အာမခံသူလျူ နောင်မှာ နွားကောင်းတွေရှိရင်၊ ဆိုင်ရှင်ကျန့်ကိုရှာဖို့ ရှင်းယွမ်စားသောက်ဆိုင်ကိုသွားပြီး ငါမှာထားတယ်လို့ ပြောလိုက်လို့ရတယ်။ ဒါဆို သူငါ့ကို စကားပြန်ပြောပေးလို့ရတယ်။"

အခုရုတ်တရက် သူ့မိသားစုမှာ နောက်ထပ်လူငါးယောက်ရှိလာတော့ နွားတစ်ကောင်နို့ရည်သည် မလုံလောက်တော့ဟုမြင်သည်။ စုန့်ကန့်နွီနှင့် သူ့မိသားစုသည် သူ့လူများဖြစ်သောကြောင့် ၎င်းတို့ကိုမတရားမဆက်ဆံနိုင်ခဲ့ပေ။ ထို့အပြင်ကျောက်နှင့်ဟန်ဇနီးမောင်နှံထံသို့ တစ်စုံတစ်ခုကိုပေးပို့ရန် စဉ်းစားနေတာဖြစ်ပြီး ၎င်းတို့သည်လည်း သူ့အား အမှန်တကယ် မျက်နှာသာပေးခဲ့ကြသည်။

“ဒါပေါ့ ကိစ္စမရှိပါဘူး၊ ညီလေးလင်း ကျေးဇူးပြုပြီး!"

ဝမ်းမြောက်စွာသဘောတူပြီးနောက်၊ အာမခံသူလျူက 'ကျေးဇူးပြု၍' လက်ဟန်ပြသည်။ ဆိုင်အပြင်ဘက်သို့ ရောက်သောအခါ မြေတိုင်းပြီး လူများကို ခေါ်ဆောင်လာသော လင်းဂျင်ပန်သည် ပြန်ရောက်လာခဲ့သည်။

"အစ်ကိုကြီးရဲ့ ညွှန်ကြားချက်အတိုင်း အရှေ့ဘက် ရွယ်ဟွာချောင်းကနေ အနောက်ဘက် ရှောင်ကုန်းတောင်ခြေအထိတောင်ဘက်မှာရှိတဲ့အစ်ကိုကျောက် ရဲ့အိမ်နဲ့ မီတာတစ်ရာလောက်အကွာမှာ၊ စုစုပေါင်း 230 မူရှိတယ်၊ ငါ အားလုံးကိုဝယ်ခဲ့တယ်"

လင်းဂျင်ပန်သည် လင်ဂျင်ရွှမ်နားကို တီးတိုးပြောလိုက်သည်။ ဤအရေအတွက်သည် ၎င်းတို့၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။ လင်ဂျင်ရွှမ်သည် သူ့မျက်ခုံးမွှေးကို မထိပဲမနေနိုင်။ အများဆုံး 100လို့ သူထင်တာဖြစ်တယ်။ ဒါပေမယ့် အခုကနှစ်ဆတိုးလာတယ်။ ဒါပေမယ့် အရှေ့ဘက်ခြမ်းက ရွယ်ဟွာချောင်းကို ရောက်နိုင်တဲ့အတွက်မဆိုးပေ။ နောင်တွင် ငါးကန်တူးလျှင် ထိုရေကိုအသုံးပြုနိုင်မည်ဖြစ် သည်။ အနောက်ဘက်ရှိ ရှောင်ကုန်းတောင်ခြေ ရင်းတွင်ချောင်းတစ်ခုရှိသည်။ ထို့အပြင်အ နောက်ဘက်တွင် နိမ့်ကျနေသဖြင့် ငါးဖမ်းလိုပါကအဆင်ပြေမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ထိုချောင်းသည် ဆားဝက်မြေနှင့် ချိတ်ဆက်ထားသည်။ ဒါကြောင့် ရေသွယ်ဖို့က ပြဿနာမဟုတ်ချေ။ နှစ်ရာကျော် ! သူလက်ခံနိုင်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းအဆင်ပြေတယ်မဟုတ်ပါလား ?

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now