☘️ Chapter 158

2.5K 299 11
                                    

☘️ Chapter 158
☘️ Taking a Walk : Take The Initiative To Save People (2)


"အင်း ကျေးဇူးတင်ပါတယ် ဦးလေးလင်း"

ကလေးမလေးက ခေါင်းညိတ်ပြသည်။ ထို့နောက် တတိယသားက သူ့လက်ကိုဆွဲကာ

“ညီမလေး ဦးလေးလင်းကိုမနှောင့်ယှက်နဲ့ အမေ့ကို စစ်ဆေးကြည့်ပါစေ ဦးလေးလင်း သားတို့ကူညီနိုင်တာ တစ်ခုခုများရှိလား"

ဆယ်နှစ်အရွယ် ကောင်လေးကတော်တော်ဉာဏ် ကောင်းနေပြီ။ သူလည်း မျက်ရည်ကျပြီး စိတ်ပူနေပေမယ့်လည်း အေးအေးဆေးဆေးနဲ့ အသက်ကြီးချင်ယောင်ဆောင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီး လူတွေကို အရမ်းစိတ်ဆင်းရဲစေခဲ့ပါတယ်။ လင်းဂျင်ရွှမ်က ပြုံးပြီး

"ကောင်းပြီ မင်းက ငါ့အတွက်ရေနွေးအိုးကိုကျိုပေး လို့ရတယ်။ ပြီးတော့ မီးခိုးတွေရေထဲကိုမဝင်မိအောင်သတိထားပေးပါ"

သူလုပ်စရာတစ်ခုရှာမတွေ့ခဲ့ရင် သူတို့အဲဒီမှာ ဘာလုပ်ရမှန်းမသိဖြစ်နေမှာကို သူတကယ်ကြောက်တယ်။ ကလေးတွေက ကလေးတွေပဲလေ။ အသိ ဥာဏ်ရှိသော်လည်း ၎င်းတို့ကို လူကြီးများကဲ့သို့မခံယူနိုင်ပေ။ သူ့ပေါင်မုန့်လုံးကြီးသည် ထိုကဲ့သို့ပြုမူလေ့ရှိသည်ဟုတွေးကာ လင်းဂျင်ရွှမ်သည် သူတို့၏ မိခင်ကိုကယ်တင်ရန်ပိုမိုစိတ်ပိုင်းဖြတ်ထားမိသည်ဟုခံစားခဲ့ရသည်။

“အင်း”

ခေါင်းငြိမ့်ပြရင်း တတိယသားက သူ့ညီမကို မီးဖို ခန်းထဲခေါ်သွားတယ်။ မလှမ်းမကမ်းတွင် ထိုင်နေသော အဒေါ်ကျောက်သည် အစ်ကိုအကြီးဆုံးဖြစ်သူကျောက်ရှန်းက ဆိတ်တစ်ကောင်နှင့်လှမ်းကြည့်လာတော့

"ဦးလေးလင်း ဒီဆိတ်ဆိုအဆင်ပြေတယ်လို့ထင်လား"

ကျောက်ရှန်သည် အသက် ဆယ့်လေးနှစ်ရှိပြီဖြစ်ပြီး မကြာခဏဆိုသလို သူ့အဖေကို သူ့အလုပ်အတွက်ကူညီပေးခဲ့သည်။ အခုဆို သူတော်တော်အရပ်ရှည်နေကာ သူ့အမေနဲ့တူပြီး ဂျုံရောင်အသားအရည်၊ချောမောတဲ့ပုံစံဖြင့်ပင်။

“ဟုတ်တယ် ရှန်းလွေ့ မင်းငါ့ကို သတ်ဖို့ကူညီပေးဦး အူသိမ်တွေကိုယူပြီး သန့်ရှင်းတဲ့မြေအိုးတစ်လုံးထဲထည့်ထားလိုက် ငါ သူတို့အမေကိုသွားကြည့်လိုက်ဦးမယ်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now