Chapter - 15 ပညာရေးအား ငယ်ရွယ်စဉ်ကတည်းက စတင်သင့်သည်

6.4K 892 14
                                    


အခန်း (၁၅)

"ဂျင် ... ဂျင်ရွှမ်၊ သူတို့ ... ဒါ၀မ်ရဲ့ အဖေ အဆင်ပြေရဲ့လား "

" ရတယ် အမေ သွားကြရအောင် အထဲရောက်မှ ပြောရ‌အောင် "

မိသားစုတစ်စု မြင်ကွင်းတွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် သခင်မ၀မ်သည် သားဖြစ်သူ၏ လက်မောင်းကိုကိုင်ကာ တိုးတိုးတိတ် တိတ် လေသံဖြင့်မေးလိုက်သည်။ ပါးနပ်စွာ‌ ဖြေရှင်းခဲ့သော်လည်း သူမသည် ရွာသူလေးတစ်ဦးသာဖြစ်သည်။ ဒါ၀မ်၏ဖခင် သွေးထွက်လွန်မှုသည် သူမအား သိသိသာသာ ကြောက်လန့်သွား‌စေခဲ့သည်။ သူမအား နှစ်သိမ့်တဲ့အပြုံးကို ဖယ်ရှားလိုက်ပြီး လင်းဂျင်ရွှမ်က သခင်မ၀မ်ထံမှ သူ့လက်ကို ပြန်ဆွဲယူလိုက်တယ်။

"ဖေဖေ ဒါဝမ်ရဲ့ဖေဖေက သွေးတွေ အများကြီးထွက်နေတယ်... သူသေမှာလားဟင်"

ပေါင်မုန့်နှစ်လုံးသည် အလွန်ကြောက်လန့်နေပုံရပြီး မျက်နှာငယ်လေးများ ဖြူဖျော့နေသော်လည်း ထိုလူသေဆုံးမှုအတွက် မစိုးရိမ်ခဲ့ကြသော်လည်း လင်းဂျင်ရွှမ် ကြီးကြီးမားမား ဒုက္ခရောက်မည်ကို စိုးရိမ်နေကြသည်မှာသိသာသည်။ ငယ်ရွယ်နေကြသော်လည်း ဘဝတစ်ခုအတွက် အသက်တစ်ခုဆိုတာ သိကြသည်။ နောက်ဆုံး သူတို့အဖေက ပုံမှန်ပြန်ဖြစ်လာတော့ သူ့ကိုမဆုံးရှုံးချင်ကြဘူး။

" ဟီးဟီး ... သေဖို့က ဘယ်လိုလွယ်လဲ လူကောင်းတွေက အသက်မရှည်ကြဘူး လူဆိုးတွေက လူကိုအချိန်ကြာကြီးဒုက္ခပေးတတ်တယ် ဒီလူ‌တွေကို လူကောင်းတွေလို့ထင်နေတာလား "

သားနှစ်ယောက်အား လင်းဂျင်ရွှမ်သည် လုံးဝ ဂရုမစိုက်သော သူ့၏အသွင်အပြင်ကို ပြသခဲ့သည်။ ထိုစကားကိုကြားတော့ ပေါင်မုန့်နှစ်လုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထိုမြင်ကွင်းကြောင့် လင်းဂျင်ရွှမ် ရယ်မောလုနီးပါးဖြစ်ခဲ့သော်လည်း မကြာမီတွင် သူသည် သူ့အမူအရာကို ထိန်းကာထိုင်ချလိုက်ပြီး လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ

"ရှောင်၀မ် ၊ ရှောင်ဝူ ဒီလို အရှက်ကင်းမဲ့တဲ့ ကြွက်စုတ်တွေနဲ့ ဆက်ဆံရတာကို သတိရနေရမယ် ဒီ့ထက်ပိုအရှက်မဲ့ပြီး ပိုဆိုးယုတ်နေရမယ် အလျှော့ ပေးလို့မရဘူး ရန်သူကို ကရုဏာပြခြင်းက သင့်ကိုယ်သင် ရက်စက်တတ်ဖို့ လိုအပ်လာတဲ့အခါမှာ သွေးထွက်တယ်ဆိုတာဟာ ဘာမှမဟုတ်ဘူး "

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now