☘️ Chapter 2

11.3K 1.1K 27
                                    

☘️ Chapter 2
☘️ Transmigrated into a Family with Nothing but Four Walls

"သူ့ကိုသတ်ကြ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ သူ့ကိုသတ်"

"အဖေ့ကို မရိုက်ပါနဲ့ ရပ်လိုက်ကြပါတော့ ဖေဖေ့ကို မရိုက်ရဘူးလို့"

" ဝူးဝူး ဖေဖေ.. "

" ဟား ...ဟား... "

ကျေးလက်တောရွာ မြက်ခင်းပြင်တစ်ခုမှာဆယ် ကျော်သက်လူတစ်စုက တုန်လှုပ်ချောက်ချားနေတဲ့အမျိုးသားတစ်ယောက်ကို လက်သီးနဲ့ကန် ကျောက်နေခဲ့ကြပါတယ်။ ၎င်းတို့ဘေးတွင် သုံးလေးနှစ်ခန့်ရှိသော အသားရေဝါကြန့်ကြန့်အ ရောင်နဲ့ လူဗမာရုပ်ပေါက်နေတဲ့ ကလေးနှစ်ယောက်သည် ထိုလူတစ်စုကိုရပ်တန့်ရန်ကြိုးစားနေကြခြင်းက ဘီးနှစ်ထပ်ပါစစ်ရပ်ထားရှေ့မှာ လမ်းတစ်၀က်ကနေ ဖြတ်တားနေသလိုဖြစ်နေခဲ့သည်။ ဒါပေမယ့် အဲ့ဒီလူဆိုးတစ်စုက ကလေးနှစ်ယောက်ကို မီတာဝက်အကွာသို့ တွန်းထုတ်လိုက်ကာ သူတို့သည် ထိုလူအားအော်ဟစ်ကန်ကြောက်နေခဲ့ပြီး သူတို့ရဲ့ ထိုးနှက်ကန်ချက်များ အားလုံးသည် ထိုလူရဲ့သေးသွယ်ပြီး ဖုန်အလိမ်း လိမ်းဖြစ်နေသည့် ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။

"အား... "

ထိုလူတစ်စုရဲ့အော်သံတွေကြားထဲမှာ သူ့ရဲ့နာ ကျင်ညည်းတွားသံတွေက နစ်မွန်းလုနီးပါးပါဖြစ်နေခဲ့တယ်။ လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများကိုမဖွင့်မီတွင် ကြောက်မက်ဖွယ်ဝေဒနာများ သူ့တစ်ကိုယ်လုံးအနှံ့ပျံ့နှံ့သွားပြီး ပြိုလဲသွားသလိုခံစားလိုက်ရပြီး သူ့နှင့်မသက်ဆိုင်သောမှတ် ဉာဏ်များက သူ့စိတ်ထဲအရူးအမူးဖောက်ထွင်းဝင်ရောက်လာသဖြင့် ခေါင်းပေါက်ကွဲလုမတတ်ဖြစ်နေခဲ့သည်။

"ဒီကောင်က မကောင်းဆိုးဝါးလို့ ငါ့ အမေက ပြောတယ် သူ့ကို သတ်ကြ"

"သူ့ကို သတ်"

" ဖေဖေက မကောင်းဆိုးဝါးမဟုတ်ဘူး ၊ ဒီကနေ ထွက်သွားကြ ၊ ဖေဖေကို မထိကြနဲ့ "

ကောင်လေးနှစ်ယောက်က ထိုလူများအားကုပ်ကပ်ပြီးတွန်းလှဲပစ်ကြသည်။ ကလေးနှစ်ယောက်ထဲက တစ်ယောက်ကအော်ဟစ်‌ပြောဆိုနေခဲ့ပေမယ့် သူ့ရဲ့သေးသေးသွယ်သွယ် ခန္ဓာကိုယ်‌လေးနဲ့ အရူးကောင်တွေကိုမခုခံနိုင်ခဲ့ပါဘူး။ သူတို့က ကလေးနှစ်ယောက်အ‌ပေါ် ပိုမို ကြမ်းကြုတ်လာပြီးအနာတရဖြစ်စေတယ်။ လူဆိုးတစ်စုရဲ့ထိုလူ အပေါ် သတ်ချင်စိတ်ကိုပိုယားယံလာစေခဲ့တယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now