🥳 Chapter 168

1.8K 180 0
                                    

🥳 Chapter 168
🥳 Send Them To Yamen

"မင်းမှာပြောဖို့ မျက်နှာရှိသေးတာလား။ ဘယ်သူကသူ့ဆွေမျိုးတွေဆီအလည်လာတဲ့အခါ ပြဇာတ်ဖြစ် အောင်လုပ်လို့လဲ။ ဒါတောင် မှားတယ် သူမက မင်းရဲ့ဒုတိယအကိုကြီးရဲ့ဇနီးဘဲ။ ပြီးတော့ မင်းကသူ့ခံစားချက်တွေကို နာကျင်စေတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး။  ဒီ့အတွက် သူမ မင်းကိုခွင့်မပြုတာကပုံမှန်ပါပဲ။ ချန်းလုံ ပြန်ရောက်တဲ့အထိ မစောင့်နိုင်ဘူးလား"

အပေါ်ယံတွင် လင်းချီကိုင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့်ပတ်သက်၍ ပြဿနာမရှိသော်လည်း လင်းချန်လုံသည် ၎င်းတို့နှင့် မိသားစုကိုခွဲထွက်ကာ ယခုတစ်ဦးတည်းနေထိုင်နေပြီဟူသောအချက်ကို လုံး၀လျစ် လျူရှုထားပြီး သူ၏စကားများမှ အဝင်အထွက် ရင်းနှီးစေရန်ပင်ကြိုးစားခဲ့သည်။ လင်းဂျင်ရွှမ်နှင့် လင်းဂျင်ဟန်တို့သည် အရူးမဟုတ်ကြသော ကြောင့် ချက်ခြင်းပင် သူတို့၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ တိတ်တိတ်လေးပဲ အတည်ပြုလိုက်ရင် အဆုံးမဲ့ဒုက္ခတွေက သူတို့ကိုရှာတွေ့သွားလိမ့်မယ်။ ငြင်းဆိုရန် အကြောင်းဖန်လာသောအခါတွင် တစ်စုံတစ်ယောက်သည် ၎င်းတို့ထက်ပင်လျင်မြန်သည်။

“ဦးလေးချန်းဟူ ဦးလေးချန်းလုံက အဲဒီနေ့မှာပဲ မိသားစုကို ခွဲပြီးသွားပြီ။ ပြီးတော့ ကျွန်တော်တို့ အဘိုးက ငါတို့နဲ့ ဆက်နွယ်မှုမရှိတော့ဘူးဆိုတဲ့ ကြေ ညာချက်ကိုတောင်ရေးခဲ့တယ်။ ကျွန်တော်တို့က အမှန်မှာ သွေးရင်းသားရင်းတွေတောင်မဟုတ်တော့ဘူး။ မရိုမသေ စကားတချို့ပြောခွင့်ပြုပါ။ ဦးလေး၊ အဘိုး ဒါမှမဟုတ် အဖွားဆုံးပါးသွားရင်တောင် ဝမ်းနည်းမှုအထိန်းအမှတ် စရာအဝတ်အစားတွေ ဝတ်စရာမလိုဘူး။ ဒီနေ့ မင်းဒီဇာတ်ကွက်ကို ဖန်တီးနေတာ သူတို့က ဦးလေးကို တရားရုံးဆီတိုက်ရိုက်လွှဲပေးလိုက်လို့ရတယ်။"

လင်းဂျင်ဟုန်သည် လျစ်လျူရှုထားသော မျက်လုံးကိုအသုံးပြု၍တတိယဦးလေးနှင့်အဒေါ်၏ နောက်မှ လက်တစ်ဖက်ကိုကိုင်ထားခဲ့သည်။ ထိုစကားများ သည် မည်သည့်ဘက်အတွက်မျှ ကျိုးကြောင်းဆီ လျော်မှုမရှိသော်လည်း လင်းချီကိုင်နှင့် လင်းချန်းဟူတို့သည် စကားရှည်သည့်အတွက် စိတ်နှလုံးထဲတွင်ကျိန်ဆဲခဲ့ကြသည်။ ဒါပေမယ့် လင်းဂျင်ရွှမ်နဲ့ လင်းဂျင်ဟန်တို့ညီအကိုနှစ်ယောက်က မျက်ခုံးပင့်ကြတယ်။ Xiucai မိသားစုမှ လူတိုင်းသည် မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပြီး သူတို့၏ ဦးလေးကြီး၏ မိသားစုတစ်ခုလုံးသည်ပင် အကြင်နာကင်းမဲ့ပြီး အရှက်မဲ့ကာ ထိုမျှစ်မကောင်းများကြားတွင် ဤမျှစ်ကောင်းလေးသည် မည်သို့ကြီးထွားလာနိုင်သနည်း?

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now