Chapter 47 ငွေဆယ်ချောင်းကို စျေးမဆစ်ဘူး !! ( 2 )

4.6K 679 12
                                    

Chapter 47
ငွေဆယ်ချောင်းကို စျေးမဆစ်ဘူး !! ( 2 )

"ဟုတ်ပြီ ဒါဆို ငွေဆယ်ချောင်း"

ဆိုင်ရှင်ကလည်းထက်မြတ်တဲ့အတွက် လင်းဂျင်ရွှမ် တွေးနေတာတွေကို သူတွေးနိုင်တာသေချာပါတယ်။ တကယ်ကိုဈေးကြီးပေမယ့်လည်း သူ့အတွက် လက်ခံနိုင်တုန်းမို့ သူသဘောတူတုန်းပါပဲ စိတ်ထဲမှာ မသက်မသာ ဖြစ်နေရတာမျိုးပဲရှိတယ်။ 

"ခင်ဗျား ကျွန်တော့်ကိုပိုက်ဆံပေးရင် ကျွန်တော် ခင်ဗျားကိုဆေးစာပေးမယ် "

အဲဒီအတွက် လင်းဂျင်ရွှမ်က သူ့ရှေ့မှာပင် ရှိတဲ့ ဆေးစာရွက်တွေထဲက အလယ်က တစ်ရွက်ကိုဆွဲ ထုတ်လိုက်တယ်။ ဆိုင်ရှင်က ဖြစ်ပျက်နေတာကို တုံ့ပြန်ရင်း ပါးစပ်ကသွေးတွေ ထွက်လာလုမတတ်။ ဒီဆေးစာသုံးမျိုးထဲက တစ်ခုက ပလိပ်ရောဂါကြို တင်ကာကွယ်ဖို့အတွက်ပဲ ...

" ဟီးဟီး ... ကျေးဇူးပါပဲ "

ဒါပေမယ့် အရမ်းနောက်ကျသွားပြီ။ ဆိုင်ရှင်က စိတ်ပျက်လက်ပျက်နဲ့ သူ့ရင်ဘတ်ထဲက ငွေစက္ကူတစ်ရွက်ကိုထုတ်ပြီး သူ့ဆီပေးလိုက်တယ်။ တစ်ချိန်တည်းမှာပင် သူသည် အာလူးပူပူကိုလက်ခံယူလိုက် ရသလိုပင်ဆေးစာကိုရရှိခဲ့သည်။

ချင်တိုင်းပြည်တစ်ခုလုံးတွင် ပျံ့နှံ့နေသော (သို့) လဲလှယ်သည့် စကားလုံးများဖြင့် ငွေလက်မှတ်ကို တစ်ချက်ကြည့်လိုက်သောအခါ လင်းဂျင်ရွှမ်သည် သူ့ရှေ့ကျော်ဖြတ်သွားသည့်အခါတွင် ငွေလက်မှတ်အား လှုပ်ယမ်းပြရန်မမေ့ခဲ့ပေ။ ဆိုင်ရှင်သည် နှလုံးသွေးများ ယိုစီးနေသကဲ့သို့ခံစားရကာ သူ့ လည်ပင်းကိုဆွဲ၍ တစ်ချက်လောက် ထိုးကြိတ်ပစ်လိုက်ချင်တော့သည်။ လင်းဂျင်ရွှမ်၏ နာမည်ကို မေးရန် သတိရသောအခါ လင်းဂျင်ရွှမ်သည် သွားနှင့်ခဲ့ပြီဖြစ်သည်။ 

“အင်း…”

ဆိုင်ရှင်က သူ့လက်ထဲက ဆေးညွှန်းကို ငုံ့ကြည့်ကာ သက်ပြင်းလေးချလိုက်တယ်။ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပြီး အသက် 20 ဝန်းကျင်ရှိ လူငယ်တစ်ဦးထံမှ မမျှော်လင့်ဘဲလှည့်စားခံခဲ့ရသည်။ ကြေကွဲစရာပဲ! ဒါပေမယ့် နောက်တစ်ခုက သူ့အတွက်စိတ် ဓာတ်ကျဖို့အချိန်မကျန်တော့ဘူး.....

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now