Chapter 111

3.4K 537 1
                                    

☘️ Chapter 111
☘️ လူများ၀ယ်ခြင်း (၁)

"ဟားဟား မင်းပြောတာကိုကြည့်စမ်း။ လူငယ်လေးလင်းမှာ ကြင်နာတတ်တဲ့နှလုံးသားရှိတယ် မင်းတို့က အသိအကျွမ်းဟောင်းတွေဆိုတော့ သင့်တော်တဲ့စျေးနှုန်းနဲ့ ငါလုပ်ပေးနိုင်တယ်။ ပုံမှန်အားဖြင့်၊ အရွယ်ရောက်ပြီးတဲ့ အလုပ်သမားတစ်ဦးကငွေရှစ်ချောင်းရှိပြီး အခြားသူတွေက ငါးထောင်မှ ခုနစ်ထောင်အထိရှိသည်။ ပျမ်းမျှဈေး ငွေခြောက်ထောင်နဲ့ပေးလို့ရတယ်။ သူတို့လေးယောက်ကိုနှစ်ဆယ့်လေးချောင်း။ ဒါ့အပြင် စုန့်ကန်နွီနဲ့ဆို စုစုပေါင်းငွေ သုံးဆယ့်နှစ်ချောင်းပဲ"

သူအရမ်းစိတ်ဝင်စားနေတာကို ကြားတော့ အာမခံသူလျူက အပြုံးလေးနဲ့ ကပျာကယာပြောလာသည်။ ရိုးရိုးရှင်းရှင်းနဲ့ကြည့်ရတဲ့ ဒီလူတွေက တကယ့်ဖောက်သည်ကြီးတွေလို့ မမျှော် လင့်ထားခဲ့ပေ။ ဒါကြောင့် လူတစ်ယောက်ကို ပုံပန်းသဏ္ဍာန်နဲ့ မဆုံးဖြတ်သင့်ချေ။

ငါးယောက်သား မိသားစုအတွက် ငွေသုံးဆယ့် နှစ်ချောင်း။

ရှေးခေတ်လူတွေက အရမ်းစျေးမကြီးဘူးလား။  လူသားကို ပထမဆုံးဝယ်ယူသူ လင်းဂျင်ရွှမ်သည် အံ့အားသင့်မှုကို မခံစားပဲမနေနိုင်ပေ။ ဟုတ်ပါတယ် သူက ဒါကို ဖုံးကွယ်ဖို့ကောင်း ကောင်းလုပ်ခဲ့ပြီး ဘယ်သူ့မှ မရိပ်မိအောင်နေခဲ့တယ်။ ဘေးမှ ရန်ရှန်းလွေ့က တိုးတိုးလေးပြောလာတယ်

“ဈေးကြီးလွန်းတယ် ကလေးတွေကများသော အားဖြင့် အခမဲ့ပါ”

ဘာ ? ဒါ ဈေးကြီးသေးတာလား ? လင်းဂျင်ရွှမ်ကစကားမပြောဘဲ သူ့မျက်နှာကိုတမင်တကာမှိတ်ထားတုန်းပဲ

"အာမခံသူလျူ မင်း ငါနဲ့ အလုပ်ကို မလုပ်ချင်ဘူးထင်တယ်။ ကလေးလည်းပါတယ် မဟုတ်လား ? ခုနစ်နှစ်အရွယ်ကလေးက အစာစားရုံကလွဲပြီးအခြားဘာလုပ်နိုင်လို့လဲ? လူတွေ၊ မြေနဲ့ တိရစ္ဆာန်တွေလည်း ဝယ်ထားတယ်လေ ငါသူ့ကို အလကားမတောင်းတာကိုဘဲ ကံကောင်းတယ်လို့‌ပြောရမယ်။  မင်းက ငါ့ကို ငွေခြောက်ချောင်း တောင်းနေတာလား။ ဘာလဲ ? မင်းက ငါ့ကို အရူးလို့များထင်နေတာလား"

ဟုတ်တယ် သူ့မှာပိုက်ဆံရှိချင်ရှိလိမ့်မယ်! ငွေကို ဖြုန်းတီးနိုင်လောက်အောင် ချမ်းသာပါတယ်။ အဲ့ဒီ့နောက် အိမ်ပြန်ရောက်ရင် ပေါင်မုန့်လုံးကြီးကို ဘယ်လိုရှင်းပြရမလဲ မသိသေးပေ။ နောက်ထပ် တစ်လလောက်ထိ နှောင့်ယှက်ခံနေရပေလိမ့် မည်။  ဟင့်အင်း !! သူ အဲဒါကို တွေးတောင်မတွေးကြည့်နိုင်ဘူး! သူ ခေါင်းကိုက်ရလိမ့်မယ်!

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now