☘️ Chapter 162

2K 223 3
                                    

☘️ Chapter 162
☘️ Yuehua Manor (2)

ဒီဘက်ခြမ်းက ဆူညံသံတွေကြောင့် ခြံထဲမှာဆော့နေကြတဲ့ ပေါင်မုန့်လေးကိုပင်ဆွဲဆောင်သွားသည်။ သူသည်ပြေးလွှားလာပြီး လင်းဂျင်ရွှမ်၏လက်နှစ်ဖက်ထဲသို့ပစ်၀င်ကာ နဖူးမှချွေးများစီးကျနေသော လင်း၀မ်နှင့် ဟူဇီတို့နောက်မှလိုက်လာကြသည်။ တစ်လကျော်ကြာအောင် ပေါင်းသင်းပြီးနောက် ၎င်းတို့သုံးယောက်နှင့် တိုင်ဝမ်သည် အချစ်ဆုံးသူငယ် ချင်းများဖြစ်နေကြပြီဖြစ်သည်။

"ဟားဟား... ဘာမှမဟုတ်ပါဘူး၊ ဖေဖေတို့အိမ်ကြီးအတွက်နာမည်ပေးဖို့ နာမည်စဉ်းစားနေကြတာ"

သူ့ကိုပွေ့ကာ သူ့ပေါင်ပေါ်တင်ပြီးနောက်၊ လင်းဂျင်ရွှမ်က သူ့မျက်နှာပေါ်ကချွေးတွေကို သုတ်ပေးရင်းနဲ့ တစ်ဖက်ကရန်ရှန်းလွေ့က သူ့ဘေးနားကဧည့်ကုလားမှာဝင်ထိုင်လိုက်ပြီး သူ့သားကြီးကိုပေါင်ပေါ်ဆွဲတင်လိုက်ကာ သူ့ကိုကူညီပြီးချွေးတွေသုတ်ပေး လိုက်သည်။

"သားတို့အိမ်ကြီးအတွက်လည်း နာမည်လိုသေးတာလား"

ပေါင်မုန့်လုံးလေးသည် သံသယစိတ်ဖြင့် မျက်နှာမူကာခေါင်းကိုဘေးသို့လှည့်လိုက်သည်။ လူများသာ နာမည်တစ်ခုလိုသည်မဟုတ်ပါလော။လင်းဂျင်ရွှမ် ကနှာခေါင်းကိုပုတ်ပြီး

“ဒါပေါ့! ဝံပုလွေလေးနှစ်ကောင်ကိုကော နာမည်မပေးခဲ့ဘူးလား ? ဒါနဲ့ ဒဟိုင်နဲ့ ရှောင်ဟိုင်ကော ဘယ်‌ ရောက်နေကြတာလဲ။ ဘာလို့ သူတို့ကိုမတွေ့ရတာလဲ"

ကျောင်းကပြန်လာတဲ့နောက်မှာ အမြဲတစေတင်း တင်းကြပ်ကြပ်ဖက်တွယ်ထားတတ်တဲ့ သားပေါက်လေးနှစ်ကောင်ရှိမနေဘူးဆိုတာကို သူသတိထားမိသွားသည်။ လင်းဂျင်ရွှမ်သည် ခြံဝန်းထဲလှမ်းကြည့်လိုက်သော်လည်း ၎င်းတို့ကို မတွေ့ရသေးပေ။

"သား မသိဘူး။ သားထမင်းစားတုန်းက သူတို့ထွက်သွားကြတယ်။ ဆီမြူးမြူးကြွကြွနဲ့ထွက်သွားကြတာဆို‌တော့ ကြက်လှောင်ရုံကိုသွားတာများဖြစ်နိုင်မလား ? ရှောင်ဟိုင်ကဆိုးတယ် သူ အဲ့ဒီကြက်တွေနဲ့ ဝက်ကလေးတွေနောက်လိုက်ပြီး အနိုင်လိုက်ကျင့်တယ်”

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now