☘️ Chapter 159

2.2K 293 6
                                    

☘️ Chapter 159
☘️ Preparatory Work Before the Surgery

ချွန်ထက်သောဓားဖြင့် ကျောက်ရှုလန်၏ဝမ်းဗိုက်အရေပြားကိုလှီးဖြတ်လိုက်သောအခါ ရန်ရှန်းလွေ့သည်သူ့မျက်လုံးများကိုပင်မမှိတ်ဝံ့ဘဲ လင်းဂျင်ရွှမ်ကိုသာ မျက်လုံးများမလွှတ်တမ်းစိုက်ကြည့်‌နေခဲ့သည်။ လင်းဂျင်ရွှမ်သည် သူမ၏သွေးကြောများမျ သွေးယိုစည်းမှုကိုထိန်းချုပ်ရန် ကျွမ်းကျင်စွာပိတ် ဆို့သည့်ကိရိယာကိုအမြန်ယူလိုက်သည်။ ပြီးသွားတဲ့အခါ ခွဲစိတ်ဓားကိုထပ်မံယူကာ တိကျသောအ တိုင်းအတာဖြင့် သားအိမ်ကိုဖွင့်လိုက်ပြီးကလေးကို အချင်းနဲ့အတူခွဲထုတ်၍ ရန်ရှန်းလွေ့ထံပေးအပ်လာခဲ့သည်။

“က‌လေး ပါးစပ်ထဲက ညစ်ပတ်တဲ့သွေးတွေထွက်သွားအောင်လို့ ဇောက်ထိုးလှန်ပြီးနောက်ကနေနည်းနည်းပုတ်ပေးလိုက်။ ငါ ပြန်ချုပ်လိုက်ဦးမယ်"

လင်းဂျင်ရွှမ်သည် မော့ပင်မကြည့်ဘဲ ဒဏ်ရာကိုပိုးသတ်ထားသောဂွမ်းစဖြင့်ဖိထားပြီး သားအိမ်ပြွန်ကိုဖြတ်ရန်ရှာဖွေနေစဉ် ရန်ရှန်းလွေ့သည်ကလေး၏ ခြေထောက်ကိုဖျတ်ခနဲဆုပ်ကိုင်ကာ သူ၏တင်ပါးလေးကိုညင်သာစွာပုတ်ရန်ကြိုးစားခဲ့သည်။

"အူဝဲ ~ ''

ရန်ရှန်းလွေ့ထိတ်လန့်သွားပြီး သူ့နားထဲသို့ကျယ် လောင်သော အော်ဟစ်သံများ ချက်ခြင်းထွက်ပေါ် လာခဲ့သည်။ ဒါပေမယ့် နောက်တစက္ကန့်မှာတော့ ချက်ကြိုးမဖြတ်ရသေးတဲ့ ကလေးငယ်ကိုသူ့လက် မောင်းမှာ အံသြစွာပွေ့ဖက်ထားလိုက်ပါတော့တယ်။  ကျောက်ရှုလန်အတွက် သားအိမ်ချုပ်နေတဲ့ လင်းဂျင်ရွှမ်က သူ့ကိုတစ်ချက်တစ်ချက်ကြည့်ပြီး ပြုံးပြလာတယ်။ ထိုအချိန်တွင် လောင်ဝမ်နှင့် အပြင်တွင်စောင့်ဆိုင်းနေသော အခြားသူများမှာ ကလေးငိုသံကြားရသဖြင့် ငိုလုနီးပါးပင်။ နောက်ဆုံး… ကောင်း ကင်ဘုံကကောင်းချီးပေးလာခဲ့ပြီ။ နောက်ဆုံးတော့ သူ့မိန်းမက လုပ်နိုင်ခဲ့တယ်...

ဒဏ်ရာကိုချုပ်ရတာက အသားနှစ်ပိုင်းကိုချုပ်လိုက်ရုံပဲမဟုတ်ချေ။ သွေးကြောတစ်ခုစီကို မှန်ကန်တိ ကျစွာချိတ်ဆက်ထားရန်လည်းလိုအပ်သည်၊ သို့ မဟုတ်ပါက အနာသည် ဖြည်းဖြည်းချင်းပြန်ရင်းလာကာပုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဤအ လုပ်အတွက် လင်းဂျင်ရွှမ်တစ်နာရီလုံးနီးပါးအချိန် ကုန်ခဲ့သည်။ ချည်ထည်နှင့် ကိရိယာအားလုံးရှိနေကြောင်းသေချာပြီးနောက်၊ လင်းဂျင်ရွှမ်သည် အသစ်ချုပ်ထားသော ဒဏ်ရာကိုသေချာစစ်ဆေးခဲ့သည်။ ဘာပြဿနာမှမရှိဘူးဆိုတာ သေချာပြီးနောက်မှဟာ ကုတင်ရဲ့အတွင်းဘက်ခြမ်းကစောင်ပါးပါးလေးကိုဆွဲယူပြီး ညင်သာစွာအုပ်ထားလိုက်သည်။ဒါပေမယ့် သူ့အလုပ်က မပြီးသေးဘူး။ မိန်းမကပြီးသွားပြီ။ ကလေးက ကျန်နေသေးတယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now