Chapter(60)သူက ကောင်းချီးပေးခံရတာဘဲ(၂)

5.6K 1K 6
                                    

Chapter(60)
ဝူချွင်ဘင်သည် ဝူချွင်တုန်ကို တားပြီးပြောလိုက်တယ်"ချွင်ချင် ဒါက ငါတို့ရဲ့အမှားပါ။ငါတို့က မင်းရဲ့မှော်လက်နက်တွေနဲ့ ပစ္စည်းတွေကို ပြန်ပေးပါ့မယ်"

"အိမ်တော်ထိန်းဟေး သင်ပြောတာက ကျွန်မရဲ့တူနဲ့ကျွန်မသားကို ခေါ်လာခဲ့တယ်ဆို။အခု သူတို့က ဘယ်မှာလဲ?"ဝူချွင်တုန်၏ဇနီးကမေးလိုက်တယ်။

"သူတို့ကိုပြန်ပို့ပေးမှာပါ"ဟေးရှင်းက ပြောလိုက်တယ်။

ဝူချွင်တုန်၏ဇနီးက နှာခေါင်းရှုံ့ပြီး ထွက်သွားလိုက်တယ်။

"အကိုက ဘာလို့ ကျွန်တော့်ကိုတားရတာလဲ?"ဝူချွင်တုန်က မေးလိုက်တယ်။

"မင်းအဘိုးရဲ့အမူအရာကို သတိမပြုမိဘူးလား? တကယ်လို့ မင်းသာ ထပ်ပြောရင် သူက မင်းကို ဆွဲထုတ်ပြီး အစေခံတွေကို ရိုက်ခိုင်းလိမ့်မယ်"ဝူချွင်ဘင်က ဝူချွင်တုန်ကို ကြည့်ပြီးပြောလိုက်တယ်။

"ဒါဆို ငါတို့က လက်ဆောင်တွေကို ပြန်ပေးရမယ်လို့ ပြောချင်တာလား?ဝူချွင်တုန်က လက်မခံသေးဘဲ ဆက်ပြောလိုက်တယ်။

ဝူချွင်ဘင်၏မျက်ဝန်းတွေက ကျဉ်းမြောင်းသွားပြီး "အဘိုးက ငါတို့ကို ပစ္စည်းတွေကို ပြန်ပေးရမယ်လို့ဘဲ ပြောတာလေ။အခုပြန်ပေးရမယ်လို့ ပြောမသွားဘူး"

"ဒါဆို မင်းပြောတာက...."

ဝူချွင်ဂျင်ရဲ့မျက်လုံးထဲတွင် အေးစက်သည့် အရိပ်ယောင်က ဖြတ်ပြေးသွားပြီး "သူပြောတာက ငါတို့က ပစ္စည်းတွေရှာဖို့ အချိန်ယူရမယ်။ဒါကနှစ်ဝက်လည်းဖြစ်နိုင်သလို တစ်နှစ်လည်းဖြစ်နိုင်တယ်။ငါတို့က ဆယ်နှစ်ကြာရင်တောင် ကြာနိုင်တယ်"

"ငါပြောချင်တာလည်း ဒါဘဲ။ချွင်တုန် မင်းက အရမ်းစိတ်လိုက်မာန်ပါလုပ်လွန်းတယ်။ခေါင်းလေး ဘာလေး သုံးအုန်း"ဝူရှောင်ရန်က  မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

ဝူချွင်တုန်သည် အလွန်ကို စိတ်လိုက်မာန်ပါလုပ်တတ်သူဖြစ်တယ်။သူက ပြောင်းလဲဖို့ ဆန္ဒရှိပေမဲ့ သူက မွေးကတည်းက ဒီလိုဖြစ်နေတာကြောင့် သူက မလုပ်နိုင်ဘူး။

COTAW(unicode)Where stories live. Discover now