Chapter(198+199+200)

3.6K 671 11
                                    


Chapter(198)
အရင်ဘဝတုန်းကဇာတ်ကြောင်း(7)

သူ့ရဲ့စကားတွေကအတိအကျကိုမှန်ကန်တယ်။နှစ်လကြာပြီးသည့်နောက်မှာတော့ ဟေးရင်းနှင့်ဟေးရန်ကအတူတကွရှိလာကြတယ်။သူတို့ကအတူတူရှိနေတဲ့အချိန်တိုင်းမှာ တစ်ယောက်ကိုတစ်ယောက်ကိုပိုတွယ်ကပ်လာကြပြီး သူတို့ကရုပ်ပိုင်းဆိုရင်မှာလည်းပိုပြီးရင်းနှီးလာကြတယ်။ဒါကဝူရုန်ကိုအားကျစေတယ်။သူကလည်းသူနှင့်ဟေးရွမ်ရီက တစ်ယောက်နှင့်တစ်ယောက်ပိုပြီးရင်းနှီးလာဖို့ ဆန္ဒရှိတယ်။

နေ့တိုင်းနေ့တိုင်း သူကဟေးရွမ်ရီရဲ့ရင်ခွင်ထဲကိုတိုးဝှေ့ဝင်ရောက်အိပ်စက်ပြီး ဟေးရွမ်ရီကအိပ်ရာနိုးလာတဲ့အချိန်တိုင်းမှာလည်း သူ့ရဲ့နှုတ်ခမ်းတွေကိုနမ်းတယ်။သူကဟေးရွမ်ရီကို သူ့ကိုအဝတ်စားဝတ်ဆင်ပေးဖို့ သူ့ကိုခေါင်းဖီးပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်။သူတို့ကတစ်ယောက်ကို တစ်ယောက်လက်ချင်းတွဲပြီး မနက်စာစားဖို့လည်း ခန်းမထဲကိုအတူသွားခဲ့ကြတယ်။သူကဟေးရွမ်ရီအတွက် ဟင်းထည့်ပေးခဲ့ပြီး ဟေးရွမ်ရီကလည်း သူထည့်ပေးတဲ့ဟင်းတိုင်းကို အမြဲတမ်းစားခဲ့တယ်။ဘယ်သူမဆို သူတို့ကတစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်မှန်းပြောနိုင်တယ်။

တစ်ရက်မှာတော့ မနက်စာစားပြီးသည့်အချိန်မှာ ဟေးရွမ်ရီကဝူရုန်ကိုအနက်ရောင်ခြုံလွှာတစ်ထည်ကိုခြုံပေးလိုက်ပြီး ပြောခဲ့တယ်"ဒါက ကိုယ်ကိုယ်တိုင်လုပ်ထားတာ။ဒါကမင်းရဲ့မကောင်းဆိုးဝါးဝိညာဉ်ကို ဖုန်းကွယ်ထားပေးနိုင်တယ်။ဘယ်ကျင့်ကြံသူကမှ မင်းရဲ့ဝိညာဉ်ကိုရှာတွေ့နိုင်မှာ မဟုတ်ဘူး"

"ဒါက ကျွန်တော်က အပြင်ကိုလျှောက်သွားလို့ရပြီလို့ဆိုလိုတာလား?"ဝူရုန်ကတောက်ပတဲ့မျက်လုံးတွေနှင့်မေးလိုက်တယ်။

"ကိုယ်နဲ့အတူရှိနေတဲ့အချိန်မှာပေါ့"ဟေးရွမ်ရီက ပြောလိုက်တယ်။

"ဒါက ဘာမှမလုပ်ရတာထက်စာရင်ပိုကောင်းတယ်"ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကိုဆွဲလိုက်ပြီးစိတ်လှုပ်ရှားစွာ မေးလိုက်တယ်"ဒီနေ့ ခင်ဗျားကျွန်တော့်ကို အပြင်လိုက်ပို့ပေးပါလား?ကျွန်တော်က ဒီကိုရောက်တာတစ်နှစ်လောက်ကြာပေမဲ့ ဘယ်တော့ကမှမြို့ထဲကို သွားဖို့အခွင့်အရေးမရခဲ့ဘူး"

COTAW(unicode)Where stories live. Discover now