Chapter(83)

5.5K 1K 14
                                    

Chapter(83)ဆေးပြားနှစ်ပြား

သူတို့က ရထားလုံးထဲကို ရောက်သည့်အချိန်မှာဘဲ ဝူရုန်သည် ဝူဇူကို ဒီမစ်ရှင်ကိုလက်မခံဖို့ ပြောမလို့လုပ်လိုက်တယ်။

ဒါပေမဲ့ ဝူရုန်က ဘာမှမပြောသေးခင်မှာဘဲ ဝူဇူက အရင်ပြောလိုက်တယ်"ရုန်အာ ရှိအာ ဒီအကြောင်းကို အမေနဲ့အဖေကို မပြောနဲ့"

တကယ်လို့ သူ့မိဘတွေက ဒီမစ်ရှင်အကြောင်းကိုသိသွားရင် သူတို့က သူကဒီမစ်ရှင်လုပ်ရသည့်အကြောင်းပြချက်ကို သိသွားလိမ့်မယ်။ဒါဆို သူတို့က သူ့ကိုတားလိမ့်မယ်။သူက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်နှင့် ဆုံးဖြတ်ချက်ဖြင့် မိသားစုကို လောက်ပံ့ပေးချင်တာဖြစ်တယ်။

"....."ဝူရုန်

တကယ်လို့အခုချိန်မှာ သူက ဝူဇူကို ဒါက ထောင်ချောက်တစ်ခုလို့ပြောခဲ့ရင်တောင် ဝူဇူက သက်သေမရှိဘဲ ယုံကြည်မှာမဟုတ်ဘူး။ဒါ့အပြင် သူတို့က အခုချိန်မှာ ဝူယုကို လူကောင်းလို့ယုံကြည်ထားတာကြောင့်  သူက ဝူယုက ဒီလိုမျိုးသူ့ကိုထောင်ချောက်ဆင်လိမ့်မယ်လို့ ယုံကြည်မှာ မဟုတ်ဘူး။

"အကိုကြီး ဒါက အကိုကြီးရဲ့ပထမဆုံးအကြိမ်လေ။ငါက အကိုကြီးရဲ့လုံခြုံရေးကို စိုးရိမ်တယ်"ဝူရှိက ပြောလိုက်တယ်။

ဝူဇူသည် ဝူရှိ၏ဆံပင်ကိုပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်တယ်"ဒါက အကိုကြီးရဲ့ပထမဆုံးအကြိမ်မလို့ အတွေ့အကြုံရအောင် သွားရမှာလေ။ဒါမှ လေ့ကျင့်ရေးဆင်းတဲ့အချိန် ဘယ်လောက်အန္တရာယ်များလဲ သိမှာ။အများကြီး လျှောက်မတွေးနဲ့။အကိုကြီးကို မစိုးရိမ်နဲ့။အကိုကြီးက ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်တယ်"

"ရုန်အာက ဘာလို့ဘာမှမပြောတာလဲ?"ဝူဇူသည် ဝူရုန်က ရထားလုံးပေါ်ရောက်ကတည်းက စကားတစ်လုံးမှ ဝင်မပြောတာကြောင့် မေးလိုက်တယ်။

"ကျွန်တော်က ဘယ်လိုဝင်ပြောရမှာလဲ?အကိုကြီးတို့က ပြောပြီးနေကြပြီဘဲ"ဝူရုန်က ပြောလိုက်တယ်။

သူက အခုချိန်မှာ ဝူယုမကောင်းကြောင်းကို ပြောလိုက်လျှင် ဝူဇူက သူ့ကိုမယုံကြည်ဘဲ မနာလိုလို့ပြောတယ်လို့ ထင်နိုင်တယ်။

COTAW(unicode)Where stories live. Discover now