Chapter(68)သူကမွန်းစတားလေးဘဲ

5.8K 1K 5
                                    

Chapter(68)သူကမွန်းစတားလေးဘဲ

ဝူရုန်သည် အရှေ့ဘက်ခြံဝင်းကို မရောက်ခင်မှာဘဲ ဟေးရှင်း၏ အော်သံကို ကြားလိုက်ရတယ်။

"သခင်ငယ်လေး နှင်းတွေက အေးတယ်။နှင်းတွေနှင့် မဆော့နဲ့"

ကလေးလေးက နိုးလာပြီဘဲ။

ဝူရုန်သည် အရှေ့ဘက်ခြံဝင်းတံခါးကို ဖွင့်လိုက်သည့်အချိန်မှာဘဲ နှင်းဘောလုံးသည် ဝူရုန်၏မျက်နှာတည့်တည့်ကို ရောက်လာတယ်။ရှိဂျူနှင့် ရှိယန်တို့က နှင်းဘောလုံးကို မတားလိုက်နိုင်ခင်မှာဘဲ ဝူရုန်၏မျက်နှာကို ထိမိသွားပြီး နှင်းတွေက မြေကြီး ပေါ်ကို ပြန်ကျသွားတယ်။

"ကြင်ယာတော် အဆင်ပြေရဲ့လား?"ရှိဂျူက ဝူရုန်၏မျက်နှာပေါ်က နှင်းတွေကို ဖယ်ပေးလိုက်တယ်။

ဝူရုန်၏နှာခေါင်းသည် ခံစားလို့တောင် မရတော့ဘူး။သူက နာလွန်းတာကြောင့် မျက်ရည်တွေတောင် ဝိုင်းလာတယ်။ဝူရုန်၏နှာခေါင်းက သွေးတွေစီးကျလာပြီး ရှိဂျူ ဘက်ကို လှည့်ပြီးမေးလိုက်တယ်။

"မင်းက ငါအဆင်ပြေမယ်လို့ ထင်နေတာလား?"

"ကြင်ယာတော် သွေးထွက်လာပြီ"ရှိဂျူသည် ဝူရုန်၏နှာခေါင်းက သွေးတွေကို လက်ကိုင်ပဝါနှင့် သုတ်ပေးလိုက်တယ်။

"ကြင်ယာတော် အဆင်ပြေရဲ့လား?"ဟေးရှင်းက ဝူရုန်နားကို စိုးရိမ်စွာ ရောက်လာပြီး မေးလိုက်တယ်။

ဝူရုန်က ဘာမှပြန်မဖြေဘဲ ပျော်ရွှင်စွာ ရယ်မောနေသည့် ကလေးကို ကြည့်လိုက်တယ်။

ကလေးလေးသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဒါက သူ့ရဲ့ကြွေထည်လို အသားရည်ကို ပိုပြီး တောက်ပလာစေတယ်။သူ့ရဲ့ဆံပင်တွေကို ကြိုးသေးသေးလေးတစ်ချောင်းနှင့် ချည်ထားပြီး မျက်ဝန်းတွေက တောက်ပနေတယ်။ရယ်မောနေသည့် မျက်နှာလေးက လပြည့်ညလိုတောက်ပနေတယ်။တကယ့်ကို ချစ်စရာကောင်းနေတယ်။

သားရိုင်းငှက်ကြီးက လူတွေလို လက်မရှိပေမဲ့ သူ့ရဲ့တောင်ပံတွေနှင့်  နှင်းဘောလုံးတွေ လုပ်ပေးနေတယ်။ကလေးက နှင်းဘောလုံးတွေနှင့်  ကစားရတာကို ပျော်ရွှင်နေတယ်။ခြံဝင်းထဲက အစေခံတွေကိုလည်း နှင်းတွေနှင့် ပစ်ထားပုံရတယ်။

COTAW(unicode)Where stories live. Discover now