Chapter(91)

5.2K 1K 15
                                    

Chapter(91)အမှန်တရား

ဝူဇူသည် သူ၏ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ မထိန်းချုပ်နိုင်တော့ဘဲ တစ်ဖက်ခန်းကို ပြေးသွားလိုက်တယ်။သူက ယုထန်းပေါင်၏အင်ကျီကို ဆွဲလိုက်ပြီး ဒေါသတကြီးမေးလိုက်တယ်"ဝူယုက မင်းတို့ကိုငွေပေးပြီး ရုန်အာကို အနိုင်ကျင့်ခိုင်းတယ်ဆိုတာ အမှန်ဘဲလား?"

"ဘယ်သူလဲ?"လူငယ်သုံးယောက်သည် အမူးလွန်နေတာကြောင့် သူတို့က ဘယ်သူလဲဆိုတာ မမှတ်မိပါဘူး။

"မင်းတို့ကို ဝူယုက ငွေပေးပြီး ရုန်အာကို အနိုင်ကျင့်ခိုင်းတယ်ဆိုတာ အမှန်ဘဲလား?"ဝူဇူက ထပ်မေးလိုက်တယ်။

"ဘာ ဘာတွေလာပြောနေတာလဲ?"

ယုထန်းပေါင်သည် ဝူဇူ၏ဒေါသထွက်နေသည့်မျက်နှာကို ကြည့်ပြီး အမှန်အတိုင်းမပြောရင် ဒုက္ခရောက်နိုင်တယ်လို့ခံစားမိပြီး အမှန်အတိုင်းပြောလိုက်တယ်။

"အမှန်ဘဲ။ဝူယုက ငါတို့ကိုငွေပေးပြီး ဖက်တီးကို အနိုင်ကျင့်ခိုင်းတာ။တကယ်လို့ မင်းမယုံကြည်ဘူးဆိုရင် ဝူရုန်ရဲ့အစေခံတွေကို မေးလို့ရတယ်။သူတို့ကိုလည်း ဝူယုကလာဘ်ထိုးထားတာဘဲ။ဒါကြောင့် ငါတို့က ဝူရုန်ကိုအနိုင်ကျင့်တိုင်း ဝူယုက သူရဲကောင်းဝင်လုပ်လို့ရအောင် သတင်းပေးထားတာဘဲ"

"အစေခံလား?"ဝူဇူသည် အစေခံဆိုတာနှင့် ရှိယန်တို့နှင့်အလောင်းကောင်အစေခံတွေကို မျက်လုံးထဲမြင်လာတယ်။နောက်မှ သူက လွန်ခဲ့တဲ့နှစ်လကလောက်ကတည်းက မတွေ့တော့တဲ့ ဝူတနဲ့ဝူရှောင်ကို သတိရသွားတယ်။ဝူဇူသည် ယုထန်းပေါင်ကို တွန်းပစ်လိုက်ပြီးနောက် ဝူတတို့အိမ်ကို ထွက်လာခဲ့တယ်။

ဝူဇူသည် သူ့ဒေါသတွေကို ချုပ်တီးဖို့ကြိုးစားလိုက်တယ်။သူက ဝူတတို့အိမ်ကိုရောက်တာနှင့် တံခါးကိုကန်ဖွင့်ပြီးဝင်သွားလိုက်တယ်။သူက အိပ်ရာပေါ်မှာရှိနေတဲ့ ဝူတကိုဆွဲချလိုက်ပြီး ဒေါသတကြီးမေးလိုက်တယ်။

"ဝူယုက ယုထန်းပေါင်တို့ကို ငွေပေးပြီး ရုန်အာကို အနိုင်ကျင့်ခိုင်းတာမင်းသိလား?"

"ဘာ ဘာပြောတာလဲ?"ဝူတသည် ကြောက်လန့်တကြားပြောလိုက်တယ်။သူက ဝူဇူရဲ့ဒေါသထွက်နေပုံကို ဘယ်တော့မှမမြင်ဖူးဘူး။အခုတော့ ဝူဇူ၏နူးညံ့သိမ်မွေ့ပုံရသည့် မျက်နှာသည် ကြောက်စရာကောင်းနေတယ်။

COTAW(unicode)Where stories live. Discover now