Chapter(92)

5.4K 1.1K 34
                                    

Chapter(92)ဖေဖေ ဖေဖေရဲ့မိန်းမက သားကိုအနိုင်ကျင့်နေတယ်

ဝူဇူသည် ဝူတတို့အိမ်က ထွက်လာတာနှင့် သူကဟေးအိမ်တော်ကို တန်းပြန်လာခဲ့တယ်။

ဝူဇူ၏မဲမှောင်နေသောမျက်နှာနှင့် နီရဲနေသောမျက်လုံးတွေကြောင့် ဂေါင်တုန်က စိုးရိမ်သွားပြီး မေးလိုက်တယ်"ဇူအာ အဲဒီလူကို တွေ့ခဲ့လား?"

"အင်း အဲဒီလိုမျိုးဘဲ"ဝူဇူသည် အက်ကွဲနေတဲ့အသံနှင့် ဖြေလိုက်တယ်။

ဝူရုန်သည် ရှိယန်ကို သူ့အကိုကြီးအတွက် ရေနွေးတစ်ခွက်ထည့်ပေးဖို့ပြောလိုက်တယ်။

"အဲဒီလိုမျိုးဆိုတာက မင်းကဘာကိုပြောချင်တာလဲ?"ဝူချွင်ချင်က မေးလိုက်တယ်။

ဝူဇူသည် ရေနွေးသောက်လိုက်ပြီးနောက် ဝူချွင်ချင်ကို ကြည့်၍ပြောလိုက်တယ်။

"ကျွန်တော် အခုအဲဒီလူအကြောင်းကို မပြောချင်သေးဘူး"

ဝူချွင်ချင်သည် သူ့သားက အမှန်တရားကို မပြောတာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။

"သားမပြောချင်လည်း အဆင်ပြေတယ်။သားကိုယ်တိုင် အဲဒီလူကို သိထားရင် အဆင်ပြေတယ်။ဟေးရှင်းကာ သားကို အဲဒီလူနဲ့ဝေးဝေးရှောင်ရင် သားရဲ့လေ့ကျင့်ရေးခရီးမှာ လုံခြုံနိုင်လိမ့်မယ်လို့ပြောတယ်။သားက အဲဒီလူနဲ့ဝေးဝေးရှောင်ရမယ်။အမေပြောတာ နားလည်တယ်မဟုတ်လား?"ဂေါင်တုန်က ဝင်ပြောလိုက်တယ်။

"အင်း"ဝူဇူက ခေါင်းငြိမ့်လိုက်တယ်။

ဂေါင်တုန်သည် ဝူရုန်ဘက်ကို လှည့်ပြီးပြောလိုက်တယ်"ရုန်အာ အခုအတော်နောက်ကျနေပြီ။မင်းအဖေနဲ့ အမေလည်း ပြန်တော့မယ်"

ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး ရှိယန်ကို ပြောလိုက်တယ်"ရှိယန် ငါ့မိဘတွေကို လိုက်ပို့ပေးလိုက်"

ရှိယန်သည် ဝူချွင်ချင်တို့ကိုလိုက်ပို့ပေးလိုက်တယ်။

ဝူရုန်သည် သူ့မိဘတွေထွက်သွားတာကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေက ကော့တက်သွားတယ်။သူဒီနေ့ အရမ်းပျော်နေတယ်။သူက သူ့မိဘတွေကို ထပ်ပြီးစိုးရိမ်စရာမလိုတော့ဘူး။အထူးသဖြင့် သူ့အကိုကြီးကို ဝူယုသည် သိုးရေခြုံထားတဲ့ဝံပုလွေဆိုတာ ပြလိုက်နိုင်တယ်။

COTAW(unicode)Where stories live. Discover now