Chapter(161 to 163)

4.7K 830 9
                                    

Chapter(161 to163)

Chapter(161)
လက်ဆောင်အကြီးကြီး(1)

ရန်ကျီဇောင်ကလည်း ဝူရုန်ကသူ့ကိုစိုက်ကြည့်နေတာကို သတိပြုမိလိုက်တယ်။သူသည် ဟန်လုပ်ချောင်းဆိုးလိုက်ပြီး သူ့ကိုယ်သူပြန်ပြီးစိတ်ထိန်းပြီးပြောလိုက်တယ်"ငါကြားတာတော့ ဝူမိသားစုက ပျက်စီးကိန်ကြုံရမယ်ဆို။ဒါကြောင့်ဒီပျက်စီးကိန်းကိုရှောင်ရှားဖို့အတွက် သူတို့ကဘေးကင်းရာကိုထွက်သွားရမယ်ဆို။ဒါအမှန်ဘဲလား?"

"ဟုတ်တယ်။သူတို့ကနောက်နှစ်မှပြန်လာရလိမ့်မယ်"ဝူရုန်သည် ခေါင်းငြိမ့်လိုက်တယ်။

"ငါ့အဒေါ်က လွန်ခဲ့ရက်အနည်းငယ်တုန်းက ငါတို့ကိုလာပြောခဲ့တယ်"ရန်ကျီဇောင်က သတိမထားမိဘဲ သူ့နှုတ်ခမ်းထောင့်တွေသည် လှောင်ပြောင်သရော်ဟန်ပေါ်လာပြီးဆက်ပြောလိုက်တယ်"သူတို့က ငါ့ကိုရိုက်ပြီးငါ့အစောင့်တွေကိုသေစေခဲ့တယ်။ဒါကိုအခုသူမနဲ့သူမရဲ့မိသားစုက ငါတို့နှင့်အတူလာနေချင်သေးတယ်။ဘယ်လိုတောင်ရယ်စရာကောင်းလိုက်သလဲ?သူမက အရှက်မရှိဘူးလား?ဘယ်လိုတောင် မျက်နှာပြောက်တိုက်လိုက်သလဲ?"

ဝူရုန်က သူက ရန်လန်ယုအကြောင်းကိုပြောနေတာကိုသိတယ်။သူမပြောခင်ကတည်းက ရှိဂျူသည် သူ့ကိုဒီအကြောင်းကိုပြောပြခဲ့ပြီးသားဖြစ်တယ်။

"ဒါဆို မင်းကသူမကိုဘာပြန်ပြောလိုက်သလဲ?"

"ငါတို့က သူတို့ကိုငါတို့မှာ သူတို့အတွက် ဧည့်သည်ခန်းမရှိဘူးလို့ပြောလိုက်တယ်။ငါ့ဦးလေးနဲ့အကြီးဆုံးဝမ်းကွဲက မျက်နှာထပ်မပျက်ချင်တာကြောင့် ချက်ချင်းထွက်သွားကြတယ်"ရန်ကျီဇောင်သည် ဆက်ပြီးပြောလိုက်တယ်"ငါကသူတို့ထွက်သွားချင်သွား မသွားချင်နေ ဂရုမစိုက်တော့ဘူး။သူတို့ငါ့ကို နောက်ဆုံးအကြိမ်တုန်းက ရိုက်လိုက်ကတည်းက ငါသူတို့အပေါ်ထပ်ပြီး မမှီခိုတော့ဖို့တွေးထားပြီးသား။မင်းကိုငါပြောရအုန်းမယ်။ငါမကြာခင်မှာမြို့ထဲကနေ ထွက်သွားတော့မယ်"

"မင်းက ဘယ်ကိုထွက်သွားမှာလဲ?"ဝူရုန်ရဲ့မျက်ဝန်းတွေကတောက်ပသွားပြီးမေးလိုက်တယ်။

COTAW(unicode)Where stories live. Discover now