319-320

2.2K 416 30
                                    

319-320

Chapter(319)
ဘယ်သူက သူ့ကိုနာကျင်စေတာလဲ?(1)

မကြာခင်ဝူဇူက နိုးလာတဲ့အချိန်မှာတော့ ဝူရုန်က သူ့ကိုမွန်းစတားကလန်ကမင်းသမီး သူ့ကိုတွေ့ဖို့လာတဲ့အကြောင်းကို ပြောပြလိုက်တယ်။

ဝူဇူက ဘာမှမပြောပေမဲ့ သူ့ကိုကြည့်ရတာ ဝမ်းနည်းနေပုံရတယ်။

"အမေက မင်းကို ယုံကြည်တာကြောင့် မင်းက ဘယ်လိုမိန်းကလေးကိုဘဲ လက်ထပ်ပါစေ အမေက အဆင်ပြေတယ်။ဒါပေမဲ့ မင်းက သတ္တိတော့မနည်းနဲ့။တကယ်လို့ မင်းက အဲဒီမင်းသမီးကိုမကြိုက်ရင်ဘဲဖြစ်ဖြစ် ဒါမမဟုတ် မင်းကသူမကို အကြောင်းတစ်ခုခုကြောင့် လက်မထပ်ချင်ရင်ဘဲဖြစ်ဖြစ် သူမကိုပြောလိုက်။မဟုတ်ရင် သူမက မင်းကိုဘဲမျှော်လင့်နေပြီး မင်းကိုနေရာတိုင်းမှာ လိုက်ရှာနေလိမ့်မယ်"ဂေါင်တုန်ကပြောလိုက်တယ်။

ဝူဇူက ပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမပြောဖို့ ဆုံးဖြတ်လိုက်တယ်။သူကခေါင်းငြိမ့်လိုက်ပြီးပြောလိုက်တယ်"ကျွန်တော်က ဒီအကြောင်းကိုတွေးဖို့ ရက်အနည်းငယ်လိုတယ်"

"ဒီလိုမှပေါ့။အခုတော့ မင်းကအိပ်ရာကထပြီး အဝတ်စားလဲပြီး မျက်နှာသစ်တော့။ငါတို့က မင်းကိုညစာစားဖို့စောင့်နေတာ"

"ငါသိပြီ"

ဝူဇူက အဝတ်စားလဲပြီးတော့ ခန်းမထဲကိုလာခဲ့တယ်။သူက ခန်းမထဲကိုရောက်တော့ ဝူရုန်နှင့်ဟေးရွမ်ရီက အခြားသောချစ်သူစုံတွဲတွေလိုမျိုး တိုးတိုးနှင့်လုပ်နေတာကို တွေ့လုပ်ရတယ်။

ဝူရုန်က ဝူဇူကိုတွေ့တော့ ထိုင်ခုံတစ်ခုံကိုညွှန်ပြပြီး သူ့ကိုပြောလိုက်တယ်"ဒီကိုလာပြီး ကျွန်တော်တို့နဲ့လာထိုင်"

ဝူဇူက ထိုင်လိုက်တယ်။

ဥကလေးက သူ့စီကိုပြေးလာပြီးပြောလိုက်တယ်"ဦးကြီး သားကိုမှတ်မိသေးလား?"

"တကယ်ကို မှတ်မိတာပေါ့"ဝူဇူက သူ့ကိုပွေ့ချီလိုက်ပြီး ပြောလိုက်တယ်"နှစ်ဝက်လောက်ကြာပြီးတာတောင် ဥကလေးက ဘာလို့ အရပ်ရှည်တာတွေ ဝိတ်တက်တာတွေမရှိရတာလဲ?"

COTAW(unicode)Where stories live. Discover now