Chapter(94)

5.3K 1K 10
                                    

Chapter(94)သက်သေတွေချန်မထားနဲ့

ဝူဇူသည် စူချင်ခြံဝင်းကို ပြန်ရောက်လာတော့ ဝူချွင်ချင်သည် သူ့ကိုစောင့်နေတာကို တွေ့လိုက်ရတယ်။

"မင်းဒီနေ့လုပ်ခဲ့တာတွေကို ကြားပြီးပြီ။မကောင်းတဲ့လူဆိုတာက ဝူယုကိုပြောတာဟုတ်တယ်မလား?ဒါကြောင့် မနေ့တုန်းကပြောလိုက်ရင် ငါကတားမှာစိုးလို့မပြောတာလား?"ဝူချွင်ချင်သည် ဝူဇူကို ပြောလိုက်တယ်။

"ဟုတ်"

"မင်းကဉာဏ်မသုံးဘူးလား?တကယ်လို့မင်းက တစ်စုံတစ်ယောက်ကို ရိုက်ချင်တယ်ဆိုရင်တောင် သက်သေတွေချန်မထားနဲ့။လူတိုင်းက မင်းကမှန်တာကို လုပ်တာလို့ဘဲ ထင်ပါစေ။မင်းဒီနေ့လုပ်ခဲ့တာက ဖြစ်နိုင်တဲ့ အကျိုးဆက်ကို မတွေးထားဘူးလား?အခုတော့ မင်းရဲ့ဒေါသကို ဖွင့်ထုတ်လိုက်လို့ရပေမဲ့ မင်းလည်းအပြစ်ပေးခံရတယ်မလား?နောက်ဆို မစဉ်းစားဘဲ ဘာမှမလုပ်နဲ့။အဖေပြောတာကို နားလည်လား?"ဝူချွင်ချင်က ပြောလိုက်တယ်။

"အဖေ ကျွန်တော်ဝူယုကို ရိုက်လိုက်တာကို အပြစ်မတင်ဘူးလား?"ဝူဇူက အံ့ဩစွာမေးလိုက်တယ်။

"မင်းအဖေကို စာအုပ်ကြီးအတိုင်းဘဲလုပ်တဲ့သူလို့ထင်နေတာလား?ငါက ငါ့ကလေးကိုနာကျင်စေတဲ့သူကို ကာကွယ်ပေးမယ်လို့ထင်နေတာလား?"ဝူချွင်ချင်သည် မဲမှောင်နေသည့်မျက်နှာနှင့်ပြောလိုက်တယ်။

သူက တခြားလူတွေနှင့် ကောင်းမွန်စွာ ဆက်ဆံပြီး အလျော့ပေးခဲ့တာက သူ့ကလေးတွေကို ထိခိုက်စေခဲ့တယ်။သူက သူ့ကိုယ်သူပြောင်းလဲမှဖြစ်တော့မည်။မဟုတ်ရင် သူ့ကလေးတွေအတွက် ဖခင်ကောင်းဖြစ်တော့မှာ မဟုတ်ဘူး။

"ကျန်တဲ့ကိစ္စတွေကို အဖေဘဲရှင်းလိုက်မယ်။မင်းက အိမ်မှာဘဲ နေပြီးကောင်းကောင်းအနားယူ။မင်းက မကောင်းဆိုးဝါးဆာလောင်ခြင်းပွဲတော်ပြီးရင် လေ့ကျင့်ရေးဆင်းရတော့မယ်"

"ဟုတ်။ကျွန်တော်သိပါပြီ"ဝူဇူက ပြောလိုက်တယ်။

ဝူယု၏မိသားစုသည် ဝူယုအကြောင်းကြားတော့ ရန်လန်ယုနဲ့ဝူအန်းရီသည် အပြေးအလွှားကျောင်းကိုရောက်လာကြပြီး ဝူယုကိုလာကြည့်ကြတယ်။သူတို့ရောက်လာတော့ ဝူယုသည်ထထိုင်နေပြီဖြစ်တယ်။

COTAW(unicode)Where stories live. Discover now