327-328

2.1K 396 6
                                    

327-328
Chapter(327)
သူက ဘယ်သူလဲ?

ဝူချန်ဇီက ဝူဝေ့ရွယ်ကိုမြင်တော့ တုန်လှုပ်သွားတယ်။သူက ဝူယန်လီ၏မျက်နှာကို ကုသဖို့ နေရာတိုင်းက သမားတော်တွေကို ရှာခဲ့ပေမဲ့ ကျရှုံးခဲ့တယ်။ဒါပေမဲ့ ဝူဝေ့ရွယ်ကဘယ်လိုလုပ်ပြီး ကုသလို့ရသွားတာလဲ?သူမရဲ့အသားရည်က အရင်ကထက်တောင် ပိုကောင်းနေပြီး မွေးကာစကလေးလိုဘဲ။

"ဒီရက်တွေမှာ မင်းဘယ်ကိုရောက်နေတာလဲ?"

ဝူဝေ့ရွယ်က မယုံကြည်နိုင်တဲ့ပုံနှင့် ပြောလိုက်တယ်"အဘိုးက ကျွန်မဘယ်ရောက်နေလဲဆိုတာမသိဘူးလား?"

"အဓိပ္ပာယ်မရှိလိုက်တာ!ငါ ဘယ်လိုလုပ်ပြီး မင်းဘယ်ရောက်နေလဲဆိုတာ သိမှာလဲ"ဝူချန်ဇီက ပြင်းပြင်းထန်ထန်ပြောလိုက်တယ်။

"ဒါပေမဲ့ ကျွန်မကိုအဝေးကို ခေါ်သွားတဲ့သူပြောတာတော့ အဘိုးက သူတို့ကို ကျွန်မကိုခေါ်သွားဖို့ အမိန့်ပေးတာတဲ့။ကျေးဇူးတင်ပါတယ် အဘိုး အခု ကျွန်မကပြန်လှသွားပြီ"

ဝူဝေ့ရွယ်က သူမရဲ့နူးညံ့တဲ့အသားရည်ကို ထိလိုက်တယ်။

"......."ဝူချန်ဇီက ဝူဝေ့ရွယ်ကို ကုသပေးဖို့ ဘယ်သမားတော်ကိုမှ မစီစဉ်ခဲ့တာကြောင့် သူမလိမ်ပြောနေသလားဆိုတာ စိုက်ကြည့်လိုက်တယ်။

ဒါပေမဲ့ အခုချိန်မှာ သူမကိုကူညီပေးတဲ့ တစ်ယောက်ကို သူလို့ဘဲ သေချာပြောနေတာကြောင့် သူက ဒီလေးစားမှုကိုခံယူသင့်ပြီး"မင်းကိုခေါ်သွားတဲ့သူဘယ်မှာလဲ?မင်းကိုဘယ်နေရာမှာ ကုသပေးခဲ့တာလဲ?"

ဝူဝေ့ရွယ်က ခေါင်းခါပြီးပြောလိုက်တယ်"ကျွန်မ ဘယ်နေရာကို ရောက်ခဲ့တာလဲဆိုတာ ကျွန်မမသိဘူး။သူတို့ ကျွန်မကို ဝူအိမ်တော်ကနေ ခေါ်သွားတာနဲ့ ကျွန်မမျက်လုံးကို ဖုံးထားခဲ့တယ်။အဲဒီနောက် ရထားလုံးပေါ်ကို ကျွန်မ ရောက်သွားတာဘဲ။ရထားလုံးနဲ့ အချိန်အတော်ကြာစီးပြီးတဲ့နောက်မှာ အိုဟောင်းနေတဲ့တဲတစ်ခုကိုရောက်သွားတယ်။သူတို့က ကျွန်မမျက်နှာကို ကုသပေးနေတဲ့ တစ်ချိန်လုံးအခန်းထဲမှာ ပိတ်ထားခဲ့တယ်။ကျွန်မမျက်နှာ ပြန်ကောင်းလာတဲ့အချိန်ကျတော့ သူတို့က မျက်လုံးစည်းပြီး အင်ပါယာမြို့တော်ကို ပို့ပေးခဲ့တာဘဲ"

COTAW(unicode)Where stories live. Discover now