335-336

2K 389 10
                                    


Chapter(335)
ဝူမိသားစုကို ပြန်သွားခြင်း(1)

"ကျွန်မခင်ပွန်း"

ဝူဝေ့ရွယ်က အမျိုးသားကို ကြည့်လိုက်တယ်။အခန်းကမှောင်နေတာပေမဲ့ သူမက ဒီအမျိုးသား၏ရုပ်ရည်ကို သေချာမြင်ရတယ်။သူမက ဒီအမျိုးသား၏မျက်နှာမှာမျက်နှာတုကို ဝတ်ဆင်ထားတာကြောင့် ကောင်းကောင်းမကြည့်နိုyင်ဘူး။ဒါပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ ခြားနားတယ်။

ဝူဝေ့ရွယ်က ဒီအမျိုးသား၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသေးခင်မှာဘဲ တစ်စုံတစ်ယောက်၏တံခါးခေါက်လာတာကြောင့် တုန်လှုပ်သွားတယ်။ဒီအမျိုးသားက ထရပ်လိုက်ပြီး တံခါးဖွင့်လိုက်ပြီးတော့ အစောင့်လာပို့တဲ့ မနက်စာကို ယူလိုက်တယ်။

အမျိုးရဲ့အရမ်မြင့်တဲ့နောက်ကျောကို ကြည့်ပြီး ဝူဝေ့ရွယ်က သူမကိုလက်ထပ်ဖို့  ကြုံရာယောက်ျားတစ်ယောက်ကို ဟေးရွမ်ရီက သူမကိုမနှစ်သက်တာကြောင့် သူ့နေရာမှာ အစားထိုးလိမ့်မယ်လို့မထင်တော့ဘူး။ဒါ့ကြောင့် ခုနတုန်းက သူမကမှားသွားတာဖြစ်လိမ့်မယ်။

သူမက အသက်ပြင်းပြင်းရှူထုတ်လိုက်ပေမဲ့ သူမက မနက်စာကိုမြင်တဲ့အချိန်မှာတော့ ဒေါသထွက်လာတယ်။ဒါက ဆန်ပြုတ်တစ်ပန်နှင့် မာတောင့်နေတဲ့ ဘန်းမုန့်တစ်ခုသာဖြစ်တယ်။သူမက ဆန်ပြုတ်နည်းနည်းသောက်ပြီးတာနှင့် သူမက ဝူမိသားစုကို ပြန်ရောက်တဲ့အချိန်မှကောင်းမွန်တဲ့မနက်စာကို စားမယ်လို့တွေးလိုက်တာကြောင့် ပြန်ချထားလိုက်တယ်။

"မင်း မစားတော့ဘူးလား?"အဲဒီလူက မေးလိုက်တယ်။

"ကျွန်မဗိုက်မဆာဘူး"

"ဒီလိုဆိုရင် ငါစားလိုက်မယ်"အဲဒီလူက ဘန်းမုန့်ကို အကြီးကြီးကိုက်လိုက်ပြီး ဝါးစားလိုက်ပြီး ဆန်ပြုတ်ကိုလည်း ပါးစပ်အပြည့်သောက်လိုက်တယ်။သူက အရင်တုန်းက အစာမစားဖူးသလိုမျိုး သူကအစားအသောက်တွေကို အငမ်းမရစားသောက်လိုက်တယ်။သူ့မှာလူကြီးလူကောင်းဆန်တဲ့ ကျော့ရှင်းရည်မွန်တဲ့အပြုအမူမျိုး လုံးဝမရှိဘူး။

ဝူဝေ့ရွယ်က ထပ်ပြီး စိုးရိမ်သွားတယ်။သူမက ဟေးရွမ်ရီညစာစားတဲ့အချိန်ကို တစ်ခါမြင်ဖူးတယ်။သူက အထက်တန်းဆန်တဲ့အမျိုးသားလိုမျိုး စားပွဲပေါ်က အစားအသောက်တွေကို ကျော့ရှင်းရည်မွန်တဲ့ အပြုအမူတွေနှင့်သာ စားသုံးတယ်။ဒါပေမဲ့ ဒီလူကတော့ ဆန်ပြုတ်ကိုစားနေတဲ့အချိန်မှာ ကျယ်လောင်တဲ့အသံထွက်ပေါ်နေတယ်။သူမက ဒီလူရဲ့အပြုအမူတွေကို သဘောမကျဘူး။

COTAW(unicode)Where stories live. Discover now