Chapter(1+2)အရင်ဘဝ

17.6K 1.3K 28
                                    

Chapter(1)အရင်ဘဝ(၁)

ဝူရုန်နိုးလာတဲ့အခါ သူ့ရဲ့လက်တွေ ခြေထောက်တွေကို တောက်ပသော သံကြိုးတွေနှင့်ချည်နှောင်ထားပြီး သူ့အိမ်ထဲကို ရောက်နေတာကို တွေ့လိုက်ရတယ်။ဒိတောက်ပတဲ့ သံကြိုးတွေပေါ်မှာ ရှုပ်ထွေးသော စာတွေရေးသားထားတာကို တွေ့လိုက်ရတယ်။

သူက သံကြိုးကို ဆွဲလိုက်တော့ ဆူညံ့သည့်အသံတွေက ထွက်ပေါ်လာတယ်။သူမှတ်မိတာက မနေ့ညက သူ့သူငယ်ချင်းတွေနှင့်အတူ ခြံဝင်းထဲမှာ အရက်သောက်နေခဲ့တာဘဲ။ဒါပေမဲ့ အခုသူက ဘယ်လိုလုပ်ပြီး သ့ကြိုးနှင့်ချည်ခံထားရတာလဲ?

"မင်းနိုးလာပြီလား?"ရင်းနှီးနေတဲ့အသံက သူ့အနောက်ဘက်ကနေ ထွက်ပပေါ်လာပြီး သူ့ထံကို လူတစ်ယောက်က လမ်းလျှောက်လာခဲ့တယ်။

ဒါက သူ့သူငယ်ချင်းရန်ကျီဇောင်ဘဲဖြစ်တယ်။သူက သံကြိုးတွေကို ခါလိုက်ပြီး "ဒီအချိန်မှာ မင်းက ဘာကစားနည်း လုပ်မလို့လဲ?"

သူနှင့်ရန်ကျီဇောင်က အတူတူကြီးပြင်းလာခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်က ညီအကိုလိုရင်းနှီးကြတယ်။သူက သူ့ကို ဘာကိစ္စဘဲ ရှိရှိကူညီခဲ့တာချည်းဖြစ်တယ်။

သို့သော်လည်း ရန်ကျီဇောင်က ခက်ထန်စွာနှင့်"မင်းကို ငါတစ်ကြိမ်ဘဲမေးမယ်။အရိပ်သူခိုးလျှို့ဝှက်စာအုပ်က ဘယ်မှာလဲ"

"ငါ့မှာ အရိပ်သူခိုးစာအုပ်မရှိဘူးဆိုတာ မင်းသိသင့်တယ်"ဝူရုန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

အရိပ်သူခိုးလျှို့ဝှကိစာဆိုတာက သူ့ကို တကယ်ကို အနှောင့်အယှက်ပေးတယ်။ဒါပေမဲ့ ဒီအရိပ်သူခိုးစာအုပ်က သူ့မှာ တကယ်ကို မရှိပါဘူး။ကောလဟာလအရတော့ အရိပ်သူခိုးစွမ်းရည်ကို ကျွမ်းကျင်ရင် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်လိမ့်မယ်။ဒီကောလဟာက ပြန့်သထက်ပြန့်လာပြီး လူတိုင်းက လိုချင်လာခဲ့တယ်။ဝူရုန်တောင်မှ ဒီစွမ်းရည်ကို တတ်မြှောက်ချင်ခဲ့တယ်။ဒါပေမဲ့လည်း သူက ဒီစွမ်းရည်မရှိခဲ့ဘူး။

သူ့အသက်နှစ်ဆယ့်ငါးနှစ်နောက်ပိုင်းမှ သူက လျှို့ဝှက်ချက်တစ်ခုကို ရရှိခဲ့တယ်။အဲဒီအခိန်မတိုင်ခင်တုန်းက သူက ဘာကျင့်ကြံလို့မှမရသည့် အရှုံးသမားတစ်ယောက်သာဖြစ်တယ်။တစ်ရက်မှာတော့ သူက မတော်တဆ သူ့ရဲ့အသက်ရှည် အချပ်ပြားကို ချိုးဖြတ်မိတယ်။အဲဒီအချိန်မှာ သူနားလည်သွားတာက သူက ဘာကြောင့်ကျင့်ကြံလို့မရသလဲဆိုတာက သူကချိတ်ပိတ်ခံထားရလို့ဘဲ။ဒီချိတ်စည်းကို ဖွင့်ဖို့ တစ်ခုတည်းသောနည်းလမ်းကလည်း သူ့ရဲ့အသက်ရှည် အချပ်ပြားကို ချိုးဖြတ်ဖို့ဘဲဖြစ်တယ်။

COTAW(unicode)Where stories live. Discover now