Chapter(104)ဝူအန်းယန်သေဆုံးခြင်း
ဝူရုန်တို့က ဟေးအိမ်တော်ကို ပြန်ရောက်လာသည့်အချိန်မှာ ဝူရုန်က ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားသည်။ဒါကြောင့် သူက ဟေးရှင်းကိုမေးလိုက်တယ်။
"ဦးလေးရှင်း ကျွန်တော့်အကိုကြီးကို ဂမ္ဘီရပညာနဲ့တွက်ပေးတဲ့နေ့တုန်းက တကယ်ဘဲ အကိုကြီးကို ဂမ္ဘီရပညာနဲ့တွက်ပေးခဲ့တာလား?"
အဲဒီအချိန်တုန်းက သူက ဟေးရှင်းကို သူ့အကိုကြီးအတွက် ဂမ္ဘီရပညာနဲ့တွက်ချက်စေပြီး ဇန်းယန်းစားသောက်ဆိုင်ကို သွားစေဖို့အတွက် တောင်းဆိုခဲ့တာဖြစ်တယ်။
"ဒီကိစ္စကိုပြောရမယ်ဆိုရင် လူငယ်လေးဝူဇူအတွက် ဂမ္ဘီရပညာနဲ့တွက်ချက်ပေးခဲ့တာက အမှန်ဖြစ်တယ်"ဟေးရှင်းက ပြောလိုက်တယ်။
"ဒါဆိုဘာတွေ့ခဲ့တာလဲ?"ဝူရုန်က မြန်မြန်လေးမေးလိုက်တယ်။
အခုချိန်မှာ ဝူဇူသည် လေ့ကျင့်ရေးခရီးဖော်မပါဘဲ တစ်ယောက်ထဲသွားခဲ့တာဖြစ်သည်။ဖြစ်နိုင်တာက သူ့ရဲ့အနာဂတ်ကပြောင်းလဲသွားနိုင်တယ်။
"ကျွန်တော်ဘာမှမတွေ့ခဲ့ဘူး"ဟေးရှင်းက ခေါင်းခါပြီးပြောလိုက်တယ်။
"....."ဝူရုန်
ဝူရုန်သည် ကြောင်အသွားပြီးမေးလိုက်တယ်"ဘယ်လိုလုပ်ပြီး ဘာမှမမြင်ရတာလဲ?"
ဝူမိသားစုကျောင်းမှ နိမိတ်ပညာကို သင်ကြားနေတဲ့ ကျောင်းသားတွေတောင် လူတွေရဲ့မျက်နှာကို ကြည့်ပြီး သူတို့ရဲ့ကံကြမ္မာကိုဖတ်ပေးနိုင်တယ်။ဒါကိုဘယ်လိုလုပ်ပြီး ဟေးရှင်းက မပြောနိုင်ရတာလဲ?
"သခင်လေးဇူရဲ့အနာဂတ်ကိုသာမက ကျွန်တော်က ကြင်ယာတော်နဲ့ ကြင်ယာတော်အနီးမှာရှိတဲ့ မိသားစုဝင်တွေရဲ့ အနာဂတ်ကိုလည်း မမြင်ရပါဘူး။ဖြစ်နိုင်တာက ကျွန်တော့်ရဲ့ဂမ္ဘီရပညာအရည်အချင်းက ဆန်းပြားရှုပ်ထွေးတဲ့လျှို့ဝှက်ချက်တွေကို ကြည့်ဖို့မလုံလောက်တာဖြစ်နိုင်တယ်"ဟေးရှင်းက ရှင်းပြလိုက်တယ်။
"....."ဝူရုန်
ဒါက သူကပြန်လည်မွေးဖွားလာလို့ဖြစ်နိုင်လား?