317-318
Chapter(317)
မရီးလာခဲ့တယ်(1)ဝူဇူက ဆန်ပြုတ်စားပြီးတဲ့နောက်မှာတော့ မေးခွန်းအနည်းငယ်ကို ဖြေခဲ့တယ်။သူက နတ်တိုးတွေဖမ်းခံလိုက်ရပေမဲ့ သူက ဝူမိသားစုက အင်ပါယာမြို့တော်ကို ရောက်လာတာကိုသိသလို ဝူရုန်က စိတ်စွမ်းအင်ရှိသွားပြီး ပြိုင်ပွဲမှာနိုင်သွားတဲ့အကြောင်းကိုလည်း ကြားခဲ့တယ်။
ဝူဇူက ဆာလောင်နေတာပြေသွားတဲ့အချိန်မှာတော့ အနားယူဖို့ဝူချွင်ချင်တို့ခြံဝင်းကို သွားလိုက်တယ်။ဝူရုန်က ဝူဇူရဲ့ဒဏ်ရာတွေကို ဆေးလိမ်းပေးဖို့ကျန်နေခဲ့တယ်။ဒါကြောင့် သူက ကြာပွတ်နှင့်ရိုက်ခံထားရတဲ့ အရှိုးရာတွေကို ကြည့်လိုက်ပြီး မေးလိုက်တယ်"ဒါက ဘယ်သူလုပ်ထားတာလဲ?"
ဝူဇူက ဗိုက်ပြည့်သွားပြီဖြစ်တာကြောင့် သူကခေါင်းအုံးပေါ်မှာ လဲနေရင်း မျက်လုံးမှိတ်ထားပြီး စကားတစ်လုံးမှမပြောပါဘူး။
ဝူရုန်က သက်ပြင်းချလိုက်ပြီး"ကျင်းရှင် ကျွန်တော့်ကိုပြောတာတော့ အကိုကြီးကို မင်းသမီးကခေါ်သွားတာဆို"
ရုတ်တရက် ဝူဇူက တုန်ရီသွားတယ်။
ဝူရုန်က ဆေးလိမ်းပေးနေတာကို ရပ်လိုက်ပြီး ပြောလိုက်တယ်"ကျွန်တော် အကိုကြီးကို နာအောင် လုပ်မိတာလား?"
ဝူဇူက မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်တယ်"ငါက ဒါကို တခြားနေရာတွေမှာသုံးဖို့ ယူထားမယ်"
ဝူရုန်က သူ့ရဲ့ဒဏ်ရာတွေအများစုကို ကူညီပြီးဆေလိမ်းပေးထားပြီဖြစ်တယ်။သူက ဝူရုန်ကို သူ့ရဲ့ကိုယ်ပိုင်နေရာကဒဏ်ရာတွေကို ပြဖို့ရှက်တယ်။
ဝူရုန်က ဆေးပုလင်းကို ချလိုက်ပြီး"အကိုကြီးက ဆေးလိမ်းပြီးရင် အိမ်တော့။ညစာစားချိန်ရောက်မှ အကိုကြီးကို ကျွန်တော်လာနိုးမယ်"
"အင်း"ဝူဇူက ပြောလိုက်ပြီး ဝူရုန်က တံခါးနားကို လျှောက်သွားတဲ့အချိန်မှ"ရုန်အာ"
"ဟင်?"ဝူရုန်ကမေးလိုက်တယ်။
"တကယ်လို့...."ဝူဇူက တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလိုက်တယ်"တကယ်လို့ တစ်စုံတစ်ယောက်က ငါ့ကိုတွေ့ဖို့လာရင် ငါ့စီကို ဘယ်တော့မှ မခေါ်လာနဲ့"