Chapter(93)

5.3K 1.1K 15
                                    

Chapter(93)ဒေါသပေါက်ကွဲခြင်း

ဝူဇူသည် ဝူအိမ်တော်ကို ပြန်ရောက်လာတာနှင့် စကားတစ်ခွန်းမှမပြောတော့ဘဲ သူ့ကိုယ်သူ အခန်းထဲမှာ ပိတ်နေလိုက်တယ်။ဒါက သူတို့တစ်မိသားစုလုံးကို စိုးရိမ်စေတယ်။နောက်တစ်နေ့နံနက်မှာတော့ ဝူဇူသည် ပုံမှန်အတိုင်း မနက်စာစားပြီးနောက် ရှိအာနဲ့အတူ ကျောင်းသွားလိုက်တယ်။

ဝူမိသားစုကျောင်းသည် ပုဂျင်းခြံဝင်းအတွင်းမှာ တည်ရှိတာဖြစ်တယ်။

ဝူဇူတို့က ကျောင်းကိုရောက်လာတော့ အခြားဝမ်းကွဲတွေကလည်း ရောက်နေပြီဖြစ်တယ်။

"ရှိအာ အကိုကြီးက နောက်ရက်အနည်းငယ်အတွင်းမှာ လေ့ကျင့်ရေးဆင်းရတော့မယ်။ဒါဆို ကျောင်းမှာ ရှိအာတစ်ယောက်ဘဲကျန်နေလိမ့်မယ်။အကိုက..."

ဝူဇူသည် သူလေ့ကျင့်ရေးဆင်းသည့်အခါ ဝူရှိတစ်ယောက်ထဲ ကျန်နေခဲ့မှာကို စိုးရိမ်တယ်။ဒါပေမဲ့ သူက ဘယ်လိုလုပ်ရမလဲမသိဘူး။

ဝူရှိသည် ဝူဇူကို ကြားဖြတ်ပြီးပြောလိုက်တယ်"အကိုကြီး မစိုးရိမ်နဲ့။ညီမလေးက ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်တယ်။အာ...ခဏ အကိုကြီးက ဘာဖြစ်တာလဲ?"

ဝူရှိသည် စကားပြောနေရင်း ဝူဇူ၏မျက်နှာသည် မဲမှောင်လာတာကြောင့် မေးလိုက်တယ်"အကိုကြီး ဘာဖြစ်တာလဲ?ညီမလေးက မှားပြောမိလို့လား?"

ဝူဇူသည် ဘာမှပြန်ဖြေဘဲ သူတို့ဘက်ကို လျှောက်လာသည့်လူကိုသာ မဲမှောင်သည့်မျက်နှာနှင့် စိုက်ကြည့်နေတယ်။

ဝူရှိသည် ဝူဇူက ဘာမှပြန်မဖြေဘြ တစ်နေရာကိုသာ စိုက်ကြည့်နေတာကြောင့် သူကကြည့်လိုက်တော့ ဝူယုသည် အပြုံးလေးနှင့် သူတို့ဘက်ကို လျှောက်လာနေတာကို တွေ့လိုက်ရတယ်။ဒါကြောင့်ဝူရှိသည် ဝူယုကို ပြုံး၍လက်ဝေ့ယမ်းလိုက်ပြီး နှုတ်ဆက်လိုက်တယ်။

"အကိုယု"

"ဇူအာ ရှိအာ မင်းတို့ဒီနေ့ရောက်တာ စောတာဘဲ"ဝူယုက ပြောလိုက်တယ်။

"နင်လည်း စောတာဘဲ"ဝူရှိက ပြန်ပြောလိုက်တယ်။

"မင်းတို့ မနေ့က ဟေးအိမ်တော်မှာ နေ့လယ်စာစွားစားတယ်ကြားတယ်။ရုန်အာက ဘယ်လိုနေလဲ?"

COTAW(unicode)Wo Geschichten leben. Entdecke jetzt