Chapter(31+32)

6K 1K 49
                                    

Chapter(31)ပြဇာတ်

အရင်ဘဝတုန်းက ဝူအန်းရန်သည် လေ့ကျင့်ရေးခရီးမှာ အောင်မြင်လာခဲ့ပြီး အလယ်အမည်ကို ရရဇိခဲ့တာကြောင့် သူက ဂုဏ်မောက်လာပြီး မာန်မာနကြီးခဲ့တယ်။သူက သူ၏ဇနီးလောင်းပေါ်ကိုလည်း လိုအပ်ချက်တွေအများကြီး ထားခဲ့တယ်။သူက သူ့ဇနီးသည် မိသားစုကောင်းမှ မွေးဖွားလာပြီး လှပသည့်သူဖြစ်ရုံသာမက  ကျင့်ကြံခြင်းမှာလည်း ပါရမီရှိသူကိုသာ လက်ထပ်လိုခဲ့တယ်။အခုတော့ တစ်ခါမှမမြင်ဖူးသူကို လက်ထပ်ရမှာကြောင့် မကျေမနပ်ဖြစ်သည့်အပြင် ဇောင်မိသားစုသည် ဝူမိသားစုထက်လည်းး သေးငယ်သေးတယ်။ဒါကြောင့် သူက သူ့ဇနီးလောင်းက သူနှင့်မထိုက်တန်ဟု တွေးခဲ့ပြီး မနှစ်သက်ခဲ့ဘူး။

နောက်ပိုင်းမှာ ဝူအန်းရန်သည် ဇောင်မိန်းကလေး၏ပုံတူကို တွေ့သည့်အခါ သူမသည် ရုပ်ဆိုးတယ်ဟု ထင်ခဲ့တာကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းဖို့အကြောင်းပြချက်တွေပေးခဲ့တယ်။သူက သူ၏လိုအပ်ချက်ကို ပြည့်မှီသည်ဟု ထင်သည့် မိန်းကလေးတစ်ယောက်နှင့် အမှားလုပ်ခဲ့ပြီး စေ့စပ်ပွဲဖျက်ပေးရန်တောင်းဆိုခဲ့တယ်။

ဝူအန်းရန်၏ဖခင်သည်လည်း စေ့စပ်ပွဲကို ဖျက်ပေးရန် သဘောတူခဲ့ပြီး ဝူအန်းရန်အမှားလုပ်ခဲ့တဲ့ မိန်းကလေးနှင့် လက်ထပ်ပေးခဲ့တယ်။ဒါပေမဲ့ သူတို့လက်ထက်ပြီးနောက် ပျော်ရွှင်မှုမရှိခဲ့ဘူး။သူတို့က လက်ထပ်ပြီး မကြာခဏဆိုသလို စကားများရန်ဖြစ်နေခဲ့တယ်။

နှစ်ဝက်ကြာပြီးချိန်မှာတော့ တောင်ဘက်ခြံဝင်းက တတိယသခင်လေးဝူချူးသည် လေ့ကျင်းရေးမှ ပြန်လာခဲ့ပြီး ဇောင်ချူယောင်းနှင့် လက်ထပ်ရန် စီစဉ်ခဲ့တယ်။၏

ဝူအန်းရန်သည် ဒီသတင်းကိုကြားတော့ လှောင်ရယ်နေခဲ့တယ်။ဒါပေမဲ့ ဝူချူး၏မင်ဂလာဆောင်တွင် ဇောင်ချူယောင်းကို တွေ့လိုက်ရသည့်အခါ သူမသည် အသက်ရှူမှားလောက်အောင်လှနေတာကို တွေ့လိုက်ရတယ်။သူမ၏အလှအပနှင့် တင့်တယ်ရည်မွန်မှုသည် သူ၏စိတ်ကူးထဲကအတိုင်း ဖြစ်နေခဲ့တယ်။ဒါပေမဲ့ သနားစရာကောင်းတာက သူဘယ်လောက်ဘဲ နောင်တရပြီး ဝမ်းနည်းနေပါစေ သူကိုယ်တိုင်စေ့စပ်ပွဲကို ဖျက်သိမ်းပြီး သူမကလည်း သူ၏ဝမ်းကွဲနှင့် လက်ထပ်သွားပြီဖြစ်တယ်။

COTAW(unicode)Where stories live. Discover now