Chapter(71)

5.4K 1K 18
                                    

Chapter(71)အပ်ချည်ကိုအပ်မှာထိုးတယ်(၂)

ဝူရုန်က ဟေးရွမ်ရီဝင်လာတာကို မြင်တာနဲ့ ချက်ချင်းဘဲ ရှုံ့အိတ်ကို အိပ်ရာခင်းထဲထိုးထည့်လိုက်ပြီး အဖြူရောင်ပိတ်စကိုလည်း ခေါင်းအုံးအောက်မှာထိုးထည့်လိုက်တယ်။ပြီးမှ သူက ဟေးရွမ်ရီဘက်ကို လှည့်လိုက်ပြီး ပြောလိုက်တယ်"ခင်ဗျား ပြန်လာပြီ"

ဟေးရွမ်ရီက ဝူရုန်က တစ်စုံတစ်ခုကို ဝှက်လိုက်တာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။

"နောက်ကျနေပြီ။ကျွန်တော် အိပ်တော့မယ်"ဝူရုန်က မလုံမလဲဖြစ်တာကြောင့် အိပ်ရာပေါ်မှာ လဲလိုက်တယ်။ရုတ်တရက် ရှုံ့အိတ်ပေါ်မှာ ထိုးထားတဲ့ အပ်က သူတင်ပါးကို ထိုးမိသွားတယ်။

"အ"ဝူရုန်က နာကျင်မှုကြောင့် ညည်းတွားလိုက်တယ်။

သေစမ်း!ငါ့တင်ပါးမှာ အပ်ကထိုးမိသွားပြီ။

ဝူရုန်သည် လက်ကိုနောက်ပို့လိုက်ပြီး အပ်ကိုယူဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ သူက ဝလွန်းတာကြောင့် လက်က မရောက်ဘူးဖြစ်နေတယ်။

ဟေးရွမ်ရီသည် အဝတ်စားချွတ်လိုက်ပြီး အိပ်ရာပေါ်မှာ လဲလိုက်တယ်။သူက ဝူရုန်သည် လက်ကို နောက်ပို့ပြီးတစ်ခုခုရှာနေပုံပေါက်တာကြောင့် မေးလိုက်တယ်"ဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ဘူး"ဝူရုန်သည် သူ့တင်ပါးမှ အပ်က ထိုးမိနေတာကို ပြောရမှာ ရှက်တာကြောင့် မပြောပြဘူး။

ဟေးရွမ်ရီသည် ဝူရုန်က မဖြေချင်တာကြောင့် ထပ်မမေးတော့ဘူး။

ဝူရုန်က မျက်လုံးမှိတ်ပြီး အိပ်ချင်ဟန်ဆောင်လိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်ကို ခဏလောက်ကြည့်လိုက်ပြီးမှ ဖယောင်းတိုင်မီးကို ငြိမ်းလိုက်ပြီး မျက်လုံးမှိတ်ပြီး အိပ်လိုက်တယ်။

ဝူရုန်က မှောင်သွားတာနဲ့ သူ့လက်ကို နောက်ပို့လိုက်ပြီး ထပ်မံကြိုးစားလိုက်တယ်။ဒါပေမဲ့ သူက ထပ်ပြီး ကျဆုံးသွားတယ်။

ဟေးရွမ်ရီသည် မလှုပ်တာသာဖြစ်ပြီး သူက အိပ်မပျော်သေးပါဘူး။ဒါကြောင့် ဟေးရွမ်ရီက ဝူရုန်ဘက်ကို လှည့်ပြီး ကြည့်လိုက်တယ်။

COTAW(unicode)Where stories live. Discover now