229+230

3.4K 590 9
                                    


Chapter(229)
ကလန်လေးခုပွဲတော်(1)

သူတို့က ပြောရင်းပြောရင်းနှင့်ညသန်းခေါင် အချိန်ရောက်မှ သူတို့ အိပ်ဖို့ပြန်သွားကြတယ်။ရုတ်တရက် ဟေးရန်က သူတို့ရှေ့မှာပေါ်လာပြီး မြေကြီးပေါ်လဲကျသွားတယ်။

"ဟေးရန် မင်း ဘာမှားလို့လဲ?"ဝူရုန်က ပြောလိုက်ပြီး သူ့ကိုတွဲပေးလိုက်တယ်။ဟေးရင်းကပေါ်လာပြီး ဟေးရန်ကို သူ့လက်မောင်းထဲမှာ သယ်ထားလိုက်တယ်။

ဟေးရွမ်ရီက သူ့အိတ်ကပ်ထဲက ဆေးပြားတစ်ချို့ကို ထုတ်ယူပြီး ဟေးရန်ကို ကျွေးလိုက်ပြီး ဟေးရင်းကိုလည်း ဆေးပြားပေးလိုက်တယ်။

ဟေးရန်ကို ဆေးတိုက်လိုက်ပြီးနောက် သူကနာကျင်မှုသက်သာသွားပြီး ဝူရုန်ကို ကြည့်ပြီး သူကအားနည်းနေတဲ့အသံနှင့်ပြောလိုက်တယ်"စန်းခဲ့အုပ်စုမှာ လူ၅၃ယောက်ရှိတယ်။သူတို့က လူနည်းနည်းချင်းစီ အုပ်စုခွဲနေကြတယ်။ကျွန်တော့်မကောင်းဆိုးဝါးတွေနဲ့ကျွန်တော်က သူတို့ကို သတ်ဖို့သွားခဲ့တယ်။ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ဗုဒ္ဓလက်နက်တွေနဲ့ခုခံခဲ့တယ်"

သူ့ရဲ့စွမ်းအားကမြင့်မားတာကြောင့် သူ့ကိုသာမန်အဆင့်ခုနှစ် ကျင့်ကြံသူက သူ့ကိုမယှဉ်နိုင်ဘူး။ဒါပေမဲ့ ဗုဒ္ဓလက်နက်တွေနှင့်ကျမ်းစာတွေက သူ့ကိုသတ်နိုင်တယ်။

ဗုဒ္ဓရဲ့အလင်းရောင်က မကောင်းဆိုးဝါးတွေရဲ့အဟန့်အတားဖြစ်ကတည်းက မကောင်းဆိုးဝါးတွေက မွေးဖွားလာကတည်းက ဗုဒ္ဓနှင့်သက်ဆိုင်တဲ့အရာတွေကို ကြောက်ရွံ့ကြတယ်။

အရင်ဘဝတုန်းက ဝူရုန်က ဗုဒ္ဓရဲ့မှော်လက်နက်ကြောင့် သူ့ကိုနာကျင်စေခဲ့တာကြောင့် သူကကြောက်ရွံ့လာတယ်။သူရဲ့ခန္ဓာကိုယ်က ကြေက်ရွံ့မှုကြောင့် တုန်ရီလာတယ်။

ဟေးရွမ်ရီက ဝူရုန်ရဲ့တုန်ရီလာတာကို သတိထားမိပြီး သူ့လက်ကိုဆုတ်ကိုင်လိုက်တော့ အေးစက်နေတာကြောင့်မေးလိုက်တယ်"ဘာကြောင့် မင်းရဲ့လက်တွေက အရမ်းအေးနေတာလဲ?"

ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကိုတင်းကျပ်စွာဆုတ်ကိုင်လိုက်ပြီး ခေါင်းခါလိုက်တယ်။

COTAW(unicode)Where stories live. Discover now