329-330

2K 395 4
                                    

329-330

Chapter(329)
ကျွန်တော် ခင်ဗျားကို မြင်ချင်တယ်(1)

ဟေးရွမ်ရီ ရေချိုးနေတဲ့အချိန်မှာ ဝူရုန်သည် အရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးနေလိုက်တယ်။

အရင်ဘဝတုန်းက ဝူချန်ဇီထက်ပိုပြီး စွမ်းအားကြီးတဲ့သူရှိခဲ့တာလား?သူက ဘယ်လောက်ဘဲ စဉ်းစားပါစေ ဘယ်သူ့ကိုမှမတွေးမိဘူး။

ဒါပေမဲ့ အရင်ဘဝတုန်းက ဒီအချိန်မှာသူက ဂိုလင်းမြို့မှာရှိနေတာဖြစ်တယ်။သူက အင်ပါယာမြို့တော်က အကြောင်းတွေကို မသိနိုင်ဘူး။အရင်ဘဝတုန်းက ဖြစ်နိုင်တာက သူက အင်ပါယာမြို့တော်ကို မရောက်လာခင် ထွက်သွားတာဖြစ်နိုင်တယ်။

"မင်းဘာတွေ တွေးနေတာလဲ?"ဟေးရွမ်ရီက ဝူရုန်၏ အတွေးလွန်နေပုံကို ကြည့်ပြီးမေးလိုက်တယ်။

"ကျွန်တော်တွေးနေတာက ဝူဝေ့ရွယ်က ကျွန်တော့်ကို အရမ်းမုန်းနေတယ်။ပြီးတော့ သူမက အဆင့်ရှစ်ကျင့်ကြံသူဖြစ်နေပေမဲ့ အခု ကျွန်တော်ကအဆင့်ခြောက်ဘဲရှိသေးတယ်။တကယ်လို့ သူမကသာ ကျွန်တော့်ကို တိုက်ခိုက်ရင် ကျွန်တော်လုံးဝရှုံးနိမ့်လိမ့်မယ်။ကျွန်တော်...."

ဝူရုန်က လှည့်လိုက်တော့ ဟေးရွမ်ရီက သူ့ရဲ့ရှည်လျားနက်မှောင်တဲ့ ဆံနွယ်ရှည်တွေကို သူ့ရဲ့ကြီးမားတဲ့လက်တွေနှင့် ခေါင်းဖြီးနေပြီး လက်ချောင်းတွေက ဗလာဖြစ်နေတဲ့ရင်ဘတ်ပေါ်ကနေ ဖြတ်သန်းသွားတာကို မြင်လိုက်ရတယ်။
(မှတ်ချက်။ အလှလေး ခေါင်းဖြီးနေတာကို မြင်ယောင်ကြည့်ကြ)

သူက ဟေးရွမ်ရီ၏ဆွဲဆောင်မှုရှိတဲ့ပုံကြောင့် သူက အသက်ရှူဖို့တောင် မေ့သွားတယ်။

"ဒီတော့ ဘာဖြစ်လဲ?"ဟေးရွမ်ရီက ဆက်ပြောတာကို မကြားရတော့တာကြောင့် မော့ကြည့်လိုက်ပေမဲ့ တစ်စုံတစ်ယောက်က သူ့လက်မောင်းထဲကို ပစ်ဝင်လာတယ်။တကယ်လို့ သူ့လှုပ်ရှားမှုကသာ မမြန်ဆန်ဘူးဆိုရင် သူကြမ်းပြင်ပေါ်မှာ ပြုတ်ကျသွားလောက်ပြီ။

"ဒီတော့...."ဝူရုန်က ဟေးရွမ်ရီ၏လည်တိုင်ကို ဖက်ထားပြီး"ကျွန်တော်တို့က ဝူဝေ့ရွယ် ပိုပိုပြီးမနာလိုဖြစ်လာအောင် တစ်ယောက်ကိုတစ်ယောက်ပိုပြီးချစ်ပြရမယ်"

COTAW(unicode)Where stories live. Discover now