220+221

3.1K 610 10
                                    


Chapter(220)
အိပ်ခန်းထဲကို(1)

ဝူရုန်က ဝူချွင်ချင်တို့ခြံဝင်းထဲက ထွက်လာကတည်းက အသံတိတ်နေတယ်။

ဒီနေ့မှာဖြစ်ပျက်ခဲ့တာတွေက သူ့ကိိုုပိုပြီးသတိထားဖို့ သူ့ခြေလှမ်းတွေကို ပိုပြီးဂရုစိုက်ဖို့ သတိပေးနေပါတယ်။ဝူချန်ဇီက ဒီပြဇာတ်ကို သုံးပြီး ခဲတစ်လုံးနှင့်ငှက်နှစ်ကောင် သတ်ဖို့လုပ်ခဲ့တယ်။တစ်ခုက  ဗိုလ်ချုပ်ရန်ကို ပထုတ်ဖို့ဖြစ်ပြီး အခြားတစ်ခုကတော့ သူနှင့်သူ့မိသားစုကိုရှင်းထုတ်ဖို့ အခွင့်ရေးရဖို့ဖြစ်တယ်။ဒီအချိန်မှာ သူ့အကြံအောင်မြင်သွားရင် သူကအနည်းဆုံးတော့ ဟေးရွမ်ရီနှင့်ဝူဝေ့ရွယ်ကို လက်ထပ်ဖို့ဖိအားပေးလိုက်နိုင်မှာဘဲ။

ဒီနေ့ဖြစ်ခဲ့တဲ့အကြောင်းကို တွေးမိတော့ ဒီလိုဘဲဖြစ်နိုင်ချေရှိတယ်။

ဟေးရွမ်ရီက ဝူရုန်က တစ်ချိန်လုံးအသံတိတ်နေတာကြောင့် မေးလိုက်တယ်"ဘာတွေတွေးနေတာလဲ?"

"ဒီနေ့ ကျွန်တော် ပိုပြီးဂရုစိုက်သင့်တာ"ဝူရုန်က ဟေးရွမ်ရီရဲ့လက်ကိုကိုင်ပြီးပြောလိုက်တယ်။

"ကိုယ် မင်းမိဘတွေကို ကာကွယ်ပေးနိုင်တာကြောင့် အများကြီးမတွေးနဲ့။ဘယ်သူကမှမပြည့်စုံဘူးလေ။မင်းက ဘယ်လိုတွေဖြစ်လာမလဲ ဆိုတာ အရာရာတိုင်းကို ကြိုပြီး မသိနိုင်ဘူးလေ"ဟေးရွမ်ရီက သူ့လက်ကိုဆုတ်ကိုင်ပြီးပြောလိုက်တယ်။

"ကျွန်တော် စိတ်ချမ်းသာသွားပြီ"သူ့ရဲ့ခံစားချက်တွေက ပိုကောင်းလာပြီး သူက ဟေးရွမ်ရီရဲ့ပါးကိုနမ်းလိုက်တယ်။

"အဟန်း!"ဟန်လုပ်ချောင်းဆိုးသံကပေါ်လာပြီး ဟေးရန်ကပေါ်လာတယ်"ကြင်ယာတော် အိမ်ရှေ့စံက မင်းရဲ့အဖေ အဆင်ပြေလားလို့သတင်းမေးလိုက်တယ်"

"ငါ့အဖေ အဆင်ပြေတယ်လို့ သူ့ကိုပြောလိုက်ပါ။သူကကပ်ပါးကောင်အဆိပ်မိသွားတာလို့ပြောလိုက်"ဝူရုန်ကပြောလိုက်တယ်။

"အိမ်ရှေ့စံက ပြောခဲ့သေးတယ်။သူ့ရဲ့အစောင့်တွေက ဝူဝေ့ရွယ်က ဝူယန်လီကို သတိပေးခဲ့တဲ့အကြောင်း သတင်းပို့ခဲ့တယ်"

ဟေးရန်က ဝူဝေ့ရွယ်က ဟေးရွမ်ရီကို မကြည့်ဖို့ ဝူယန်လီကိုသတိပေးတာဖြစ်ကြောင်းထပ်ပေါင်းပြောလိုက်ပြီး"ကျွန်တော့်ရဲ့သခင်က မိန်းမတွေကြားမှာအရမ်းလူကြိုက်များလွန်းတယ်။ကြင်ယာတော် မင်းသူ့ကိုမင်းမျက်စိရှေ့မှာဘဲ သေချာထိန်းသိမ်းထားသင့်တယ်"

COTAW(unicode)Where stories live. Discover now