Chapter(186+187)

3.4K 677 5
                                    


Chapter(186)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(7)

ဝူရုန်သည် သူမြေကြီးပေါ်မှာလဲကျသွားတော့မှာဖြစ်တာကြောင့် သူ့ရဲ့မသိစိတ်က အလိုအလျှောက်သူ့ကိုယ်သူထိန်းဖို့ တစ်စုံတစ်ခုကို ဆွဲလိုက်တယ်။ဒါပေမဲ့ ကံမကောင်းစွာဘဲ သူကသူ့ကိုယ်သူမထိန်းနိုင်ဘဲ မြေကြီးပေါ်ကိုလဲကျသွားပြီး သူဆွဲကိုင်လိုက်တဲ့အရာကလည်း သူ့လက်ထဲကိုပါသွားတယ်။

ဒီအချိန်မှာ ကမာ္ဘကြီးတစ်ခုလုံးက လုံးဝတိတ်ဆိတ်သွားတယ်။

ဝူရုန်က ထရပ်လိုက်ပြီး သူ့ရဲ့ပွန်းသွားတဲ့လက်နှင့် လက်ထဲမှာပါလာတဲ့ကျောက်စိမ်းအဆင်တန်ဆာကို ကြည့်လိုက်တယ်။ဒါက လင်းမိုဟန်ဝတ်ဆင်ထားသည့် နဂါးပုံထွင်းထုထားတဲ့ခါးချိတ်ကျောက်စိမ်းပြားနှင့်တူတယ်။ဒါက အဆင့်တန်းမြင့်တဲ့အဝါရောင်ကျောက်စိမ်းပြားကို နဂါးတစ်ကောင်ရစ်ခွေနေတဲ့ပုံထွင်းထုထားတာဖြစ်ပြီး ဝူရုန်က ကျောက်စိမ်းပြားမှ ကြိုးကိုလှမ်းဆွဲမိတာကြောင့်  သူ့လက်ထဲမှာပါသွားတာဖြစ်တယ်။

သူက လင်းမိုဟန်၏အေးစက်တဲ့မျက်ဝန်းတွေကို ကြည့်လိုက်တယ်။

ဝူချွင်ချင်နှင့်ဂေါင်တုန်ကလည်း ဝူရုန်အတွက်တောင်းပန်ပေးဖို့ ရှေ့ထွက်လာချင်ပေမဲ့ သူတို့ရှေ့မှာလူတွေပိတ်နေတယ်။သူတို့က အင်ပါယာအရှင်မင်းမြတ်ကို ဒေါသထွက်စေမှာစိုးတာကြောင့် အော်ပြီးတော့လည်းမပြောနိုင်ဘူး။

ဟေးရွမ်ရီက ဝူရုန်ကိုကြည့်လိုက်ပြီး သူကဝူချွင်ချင်၏ပခုံးပုတ်၍နှစ်သိမ့်ပေးလိုက်ပြီး စောင့်ကြည့်ဖို့ပြောလိုက်တယ်။

"အရှင်မင်းသား ကျောက်စိမ်းပြားကြိုးကိုပြတ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်။ကျွန်တော်မျိုးက ဒါကိုမရည်ရွယ်ပါဘူး။ရက်အနည်းငယ်အတွင်းမှာ ဒါကိုပြန်လည်ပြင်ဆင်ပြီး ပြန်ပို့ပေးခွင့်ပြုပါ"ဝူရုန်က ဂုဏ်သိက္ခာရှိရှိယဉ်ကျေးစွာပြောလိုက်ရင်း ဝူဝေ့ရွယ်ကို ကူညီလိုက်တဲ့အင်ပါယာကိုယ်လုပ်တော်ကို တစ်ချက်ကြည့်လိုက်တယ်။

သူမရဲ့မျက်လုံးထဲမှာတော့ ဒါက ပမာမခန့်လုပ်တာဘဲ။သူမက သူ့ရဲ့မိသားစုကို ထိခိုက်အောင်လုပ်ဖို့ နှစ်ကြိမ်ကြိုးစားခဲ့ပေမဲ့ နှစ်ကြိမ်လုံး ကျရှုံးခဲ့တယ်။အခုချိန်မှာ သူမက သူက ဘယ်လိုများ တိမ်းရှောင်မလဲဆိုတာ သိချင်ပါသေးတယ်။

COTAW(unicode)Where stories live. Discover now