Chapter(53+54+55)

5.4K 984 8
                                    

Chapter(53)သူတို့တော့တိုင်ပတ်ပြီ(၂)

ဝူရှီးနှင့်ဝူဘိုင်က လောင်းကစားရုံကိုရောက်တာနှင့် ချက်ချင်းဘဲ သူတို့က တတိယထပ်ကိုတက်လာခဲ့တယ်။

ဒီနေ့မှာလောင်းကစားရုံမှာ လောင်းကစားသူတွေပိုများပြီး လူစည်ကားနေတယ်။

သူတို့ဒုတိယထပ်ကိုရောကတော့ တတိယထပ်ကဆင်းလာသည့် လူနှင့်တိုက်မိသွားပြီး ဝူဘိုင်၏အင်ကျီလက်ထဲက နက်ပြာရောင်ကျောက်စိမ်းပုလွေက ထွက်ကျသွားတယ်။

ဝူဘိုင်က ကျောက်စိမ်းပုလွေကို အလျှင်အမြန်ကောက်ယူလိုက်ပြီး သူက ဒေါသတကြီးအော်လိုက်တယ်။

"လမ်းလျှောက်တာကို မျက်လုံးနဲ့ကြည့်လျှောက်ပါလား?ငါ့ရဲ့မှော်လက်နက်ကျိုးသွားရင် မင်းကလျှော်ပေးနိုင်လို့လား?"

"မပြောနဲ့တော့"ဝူရှီးက ဝူဘိုင်ကို တားဆီးလိုက်ပြီး ပြောလိုက်တယ်"ဘာဘဲဖြစ်ဖြစ် အခုမကျိုးဘူးလေ။ငါတို့ ပိုင်ရှင်ယုကို အရင်သွားတွေ့ရအောင်"

ဝူဘိုင်သည် ထိုလူကိုနှာခေါင်းရှုံ့လိုက်ပြီး တတိယထပ်ကို တက်လာလိုက်ပြီး တတိယထပ်ရှိပိုင်ရှင်ယု၏စာကြည့်ခန်းထဲကို သွားလိုက်သည်။

တစ်ယောက်မှသတိမထားမိတာက ဝူဘိုင်ဝင်တိုက်ခဲ့သည့်လူသည် ဟေးဂန်းဖြစ်ပြီး သူက ဝူဘိုင်တို့ဝင်သွားသည့်အခန်းကို ကြည့်နေလိုက်သည်။နောက်တော့ ဟေးဂန်းသည် ကိုယ်ရံတော်ခြောက်ယောက်နှင့်အတူ ပိုင်ရှင်ယု၏အခန်းကို တက်လာခဲ့သည်။

"ပိုင်ရှင်ယု ငါတို့က မင်းပြောထားတဲ့အတိုင်း မှော်လက်နက်တွေကိုယူလာပြီ"ဝူရှီးက ပြောလိုက်ပြီး မှော်လက်နက်တွေကို ထုတ်ယူလိုက်တယ်။

"မင်းတို့တကယ်ကို ကတိတည်တာဘဲ"ပိုင်ရှင်ယုက ပြုံးပြီးပြောလိုက်သည်။ထို့နောက် သူက လက်ဖဝါးကို ဖြန့်လိုက်ပြီး ထပ်ပြောလိုက်တယ်"ငါ့ကိုမှော်လက်နက်တွေကို ပြအုန်း"

ဝူရှီးသည် ဝူဘိုင်က မှော်လက်နက်တတွေကို ကမ်းပေးနေတာကို တားလိုက်ပြီး ပြောလိုက်တယ်"ပိုင်ရှင်ယု ငါတို့က မှောလက်နက်တွေကို မပေးခင် အရင်ဆုံးမင်းက ဘာကြောင့်မှော်လက်နက်တွေကို လိုအပ်တာလဲဆိုတာ အရင်ပြောအုန်း"

COTAW(unicode)Where stories live. Discover now