Chapter(144+145)

4.7K 865 13
                                    

Chapter(144)
ကြီးမားတဲ့မွန်းစတား(1)

ဂိုလင်းမြို့တစ်မြို့လုံးကတုန်ခါသွားပြီးမြို့စွန်မြို့ဖျားတောင်မှတုန်ခါသွားတယ်။အရပ်သားတွေကဒါကငလျင်လှုပ်တာလို့ထင်တာကြောင့်သူတို့ကအိမ်ကနေထွက်ပြီးနေရာလွတ်ကိုပြေးကြတယ်။ဝူမိသားစုကတော့ဒါကဘာစီကိုလွတ်မြောက်အောင်သူ့လူတွေကလုပ်တာထင်ကြတယ်။ဒါပေမဲ့သူတို့ကထွက်သွားတာပြီးတာတောင်ဒီတုန်ခါမှုကမရပ်တန့်သွားဘူး။ဒီအချိန်မှာတော့လူတိုင်းကသတိအနေအထားနဲ့ရှိလာတယ်။

ဝူရုန်ကသူ့စိတ်ထဲကနေတွက်ချက်လိုက်ပြီးတီးတိုးပြောလိုက်တယ် "ဒါကအဲဒီအချိန်ဘဲ"

ဒါပေမဲ့ဘာစီငတုံးကိုဒီအချိန်မှာကယ်တင်သွားတာကတိုက်ဆိုင်မှုသာဖြစ်တယ်။တကယ်လို့ရုတ်တရက်တုန်ခါမှုမဖြစ်ခဲ့ဘူးဆိုရင်သူကဝူမိသားစုကိုခွဲခြားပစ်ဖို့အလွယ်တကူလုပ်နိုင်မှာမဟုတ်ဘူး။

ဝူရုန်ကသူ့ဘေးကအမျိုးသားကိုကြည့်လိုက်တော့ဒီလူရဲ့နှုတ်ခမ်းတွေကအပေါ်ကိုကော့တက်နေပြီးဘယ်သူမဆိုဒီလူကပြုံးနေမှန်းပြောနိုင်တယ်။

"ဘာကြောင့်ပြုံးနေတာလဲ?"ဝူရုန်ကဟေးရွမ်ရီသည်ဘာမှမရှိတဲ့ဘက်ကိုကြည့်ပြီးသဘောကျစွာပြုံးနေတာကြောင့်မေးလိုက်တယ်။ဒါပေမဲ့တကယ်တော့ဟေးရွမ်ရီကဘာစီထွက်သွားတဲ့ဘက်ကိုကြည့်နေတာဖြစ်တယ်။

လျှင်မြန်စွာနဲ့ဝူရုန်ကတစ်စုံတစ်ခုကိုတွေးမိသွားပြီးမေးလိုက်တယ်"ခင်ဗျားဘာစီကိုတစ်ခုခုလုပ်လိုက်တာလား?"

ဟေးရွမ်ရီကနောက်ဆုံးမှာတော့ဘာစီရဲ့အမည်ကိုကြားတာကြောင့်တုံ့ပြန်လာတယ်။သူ့ရဲ့အပြုံးကပျောက်ကွယ်သွားပြီးယဉ်ကျေးသိမ်မွေ့စွာပြောလိုက်တယ်"ကိုယ်သူ့ရဲ့အရာကိုမသန်မစွမ်းဖြစ်အောင်လုပ်လိုက်တယ်"

သူကဘာစီရဲ့စိတ်စွမ်းအင်နယ်မြေကိုလည်းဖျက်ဆီးခဲ့တယ်။ဒါကြောင့်ဒီလူဟာသူ့ရဲ့မိန်းမကိုဘယ်တော့မှမှန်းရဲတော့မှာမဟုတ်ဘူး။

"......."ဝူရုန်

အဲဒီအချိန်မှာဘဲတုန်ခါမှုကရပ်တန့်သွားပြီးမွန်းစတားတစ်ကောင်ရဲ့ကျယ်လောင်တဲ့အော်သံကအစားထိုးဝင်ရောက်လာတယ်။ဒီအော်သံကလူတွေကိုကြောက်လန့်တုန်ရီစေပြီးမြေကြီးပေါ်လဲကျစေတယ်။

COTAW(unicode)Where stories live. Discover now