Chapter(33+34+35)

6.2K 1K 64
                                    

Chapter(33)ဒုတိယနည်းကို ရွေးမယ်

"......."ဝူရုန်

ဝူရုန်သည် ဟေးဂန်းနှင့် ဟေးရှင်းက ဥကို ဂရုတစိုက် ဆက်ဆံ၍ သခင်ငယ်လေးဟု ခေါ်နေတာကြောင့် စကားမပြောနိုင်အောင် ဆွံ့အသွားတယ်။သူတို့က တကယ်ဘဲ ဥကို ဟေးရွမ်ရီ၏သားလို့ ထင်နေတာလား?

"ငါက မင်းတို့ကို နေရာတိုင်းမှာ လိုက်ရှာနေတာ၊။ဒီမှာမှ တွေ့တော့တယ်"နူမူ၏ရယ်သံက နီးကပ်လာပြီး မကြာခင်မှာဘဲ အခန်းထဲကို ဝင်လာခဲ့တယ်။သူက ဇဝေဇဝါနှင့် ငှက်ကြီးစီကို အကြည့်ရောက်သွားပြီး မေးလိုက်တယ်"ဒီမှာ ဘာလုပ်နေတာလဲ?ဂ

"ရုန်အာကို ဘယ်တော့ကုသပေးမှာလဲ?"ဟေးရွမ်ရီက မဖြေဘဲ တိုက်ရိုက်မေးလိုက်တယ်။

"ဘယ်အချိန်မဆို အဆင်ပြေတယ်"နူမူက ဖြေလိုက်ပြီးနောက် ဝူရုန်ကို ဖိတ်စာတစ်စောင် ပေးလိုက်ပြီး ပြောလိုက်တယ်"ငါ ဒီကိုလာတဲ့လမ်းမှာ မင်းရဲ့အစေခံတွေကို တွေ့ခဲ့တယ်။သူတို့က ဒါကို ပေးလိုက်ပြီး နောက်သုံးရက်ကြာရင် မင်ဂလာဆောင်မှာ မင်းလာဖို့ ဖိတ်လိုက်တယ်"

"ကျေးဇူးတင်ပါတယ်"ဝူရုန်က ဘာအမူအရာမှ မပြဘဲ ဖိတ်စာကို ယူလိုက်တယ်။ဒါက သူ့ရဲ့စိတ်ခံစားချက်က မကောင်းဘူးဆိုတာ ပြနေတယ်။

"ကြင်ယာတော် ကျွန်တော်က လက်ဆောင်တွေကို ပြင်ပေးရမလား?"ဟေးရှင်းက မေးလိုက်တယ်။

အခုချိန်မှာ ဝူရုန်က အရင်ဘဝတုန်းကလို သူတို့အတွက် ဘာမှလုပ်ပေးချင်စိတ်မရှိတာကြောင့် ဟေးရှင်းကို ဖိတ်စာပေးလိုက်ပြီး ပြောလိုက်တယ်"ကျေးဇူးတင်ဘဲ အဲလိုဘဲလုပ်လိုက်"

အရင်ဘဝတုန်းက သူက သူတို့ရဲ့မင်ဂလာဆောင်ကို မတက်ရောက်ချင်ရုံသာမက အခုချိန်မှာတော့ သူက သူတို့ကို ထပ်ပြီး မမြင်ချင်ပါဘူး။

ဟေးရှင်းက ဝူရုန်၏ခြားနားမှုမရှိသည့် အမူအရာကို ကြည့်ပြီး ဘယ်လိုလက်ဆောင်မျိုးပြင်ဆင်ရမယ်ဆိုတာ သိသွားပြီး သွားပြီးပြင်ဆင်လိုက်တယ်.

နူမူက ဝူရုန်ကို ကြည့်ပြီးပြောလိုက်တယ်"မနေ့က ငါက မင်းကိုကုသဖို့ နည်းလမ်းနှစ်ခုကို ရှာတွေ့ခဲ့တယ်။မင်းက တစ်ခုရွေးချယ်ရမယ်။ပထမနည်းလမ်းက မင်းရဲ့ခန္ဓာကိုယ်ထဲက ကပ်ပါးကောင်တွေကို စိတ်စွမ်းအင်သုံးပြီးတိုက်ရိုက်ထုတ်ပစ်တာဘဲ။ဒီနည်းလမ်းက ခုနှစ်ရက်ကနေ ဆယ့်ငါးရက်အတွင်း မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ ကပ်ပါးကောင်တွေကို ထုတ်ပစ်နိုင်တယ်။မကောင်းတာက ဒီလိုကုသနေတဲ့အချိန်မှာ မင်းက မလွန်နာကျင်ပြီး မင်းရဲ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ဒီကပ်ပါးကောင်တွေက မင်းခန္ဓာကိုယ်ထဲမှာရှိနေတာ နှစ်နှစ်ဆယ်နီးပါးကြာနေပြီဖြစ်တာကြောင့် မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလိုဖြစ်နေပြီ?ဒါကြောင့် ကပ်ပါးကောင်တွေကို ဖယ်ထုတ်တာက မင်းရဲ့ခန္ဓာကိုယ်ကို အစိတ်အပိုင်းကို ဖယ်ထုတ်လိုက်သလိုဘဲ။ကပ်ပါးကောင်တွေကိုတစ်ခါတည်းနဲ့ အားလုံးကို ဖယ်ထုတ်လိုက်မယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကို အန္တရာယ်ရှိစေနိုင်တယ်။ဒါကြောင့် ငါက ဒီနည်းလမ်းကို မထောက်ခံဘူး။ဒါပေမဲ့ ဘယ်နည်းလမ်းကိုဘဲသုံးသုံး အမြန်ဆုံးဖယ်ရှားဖို့ လိုတယ်"

COTAW(unicode)Where stories live. Discover now