272-274

2.9K 508 3
                                    

Ch(272-274)
Chapter(272)
ပြိုင်ပွဲအတွက် စာရင်းသွင်းခြင်း(1)

ဟေးရွမ်ရီက တကယ်ကို ဒီအကြောင်းကို ပြောတာဖြစ်တယ်။အကြီးအကဲထန်းဇောင်က သူ့ကိုပြောလိုက်ကတည်းက သူ့ကို အတွေးများစေခဲ့တယ်။သူက အချက်အလက်တွေကိုပိုပြီးမေးချင်ပေမဲ့ အကြီးအကဲထန်းဇောင်က ပြောနိုင်တာက ဒါကသူပြောနိုင်တာဘဲ သေချာတာကြောင့် ရပ်တန့်ခဲ့တာဖြစ်တယ်။

ဒါပေမဲ့ အကြီးအကဲထန်းဇောင်က ပြောဖို့ကျန်ခဲ့တာကို ဟေးရှင်းက သူ့ကိုတစ်ကြိမ်ပြောခဲ့ဖူးတယ်။သူပြောခဲ့တာက ဝူရုန်ရဲ့အသက်က တိုတောင်းပြီး အသက်၃၀ထက်မကျော်နိုင်ဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့လည်း နောက်ပိုင်းမှာ ဝူရုန်ရဲ့သက်တမ်းက ရှည်လာတယ်ကို ပြောခဲ့တယ်။ဘာအကြောင်းပြချက်ကြောင့်ရှည်လာတယ်ဆိုတာကတော့ မသိနိုင်ခဲ့ဘူး။ဒါပေမဲ့ သူခံစားရတာက ဝူရုန်က ဘာကြောင့်လဲဆိုတာ သေချာသိနေတယ်လို့ဘဲ။

"မစိုးရိမ်ပါနဲ့။ကျွန်တော်တို့ အသက်သေဆုံးသည့်တိုင် အတူရှိနေမှာဘဲ။အကြီးအကဲထန်းဇောင်ကလည်း ၁၅နှစ်မဟုတ်ရင် ထာဝရလို့ပြောခဲ့တာဘဲ။

ဟေးရွမ်ရီက ဝူရုန်ရဲ့မျက်နှာကို ကြာရှည်စွာ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်တယ်။သူက ဝူရုန်ကပြောင်းလဲမှုကို သိနေတယ်ဆိုတာ သေချာသွားတယ်။အခုချိန်မှာ ဝူရုန်က ခိုင်မာစွာ ကတိပေးနေတာကြောင့် ဝူရုန်က အစောကြီးသေဆုံးသွားမှာ မဟုတ်ဘူး။

"ကျွန်တော်တို့ ညကျရင် လကိုပျော်ရွှင်စွာကြည့်ဖို့အတွက် တစ်ရေးအိပ်ရအောင်"ဝူရုန်က သမ်းဝေရင်းပြောလိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်ကိုပွေ့ချီပြီး အိပ်ခန်းထဲကို ခေါ်သွားလိုက်တယ်။

ညအချိန်မှာတော့ တစ်ယောက်ကမှ မီးပုံးတွေကို ကြည့်ဖို့အတွက် ပျော်ရွှင်စွာ မထွက်လာကြဘူး။သူတို့က ခြံဝင်းထဲမှာဘဲ လပြည့်ညကို ကြည့်ရင်း ချိုသာတဲ့ချစ်စကားတွေပြောပြီး ညသန်းခေါင်လောက်မှာ အိပ်ခန်းထဲကို ဝင်သွားကြတယ်။

ဆောင်းလယ်ပွဲတော်ပြီးတဲ့ အချိန်မှာတော့ တစ်မြို့လုံးက စိတ်ဖိစီးလာကြတယ်။မိသားစုကြီးဆယ်စုက လူတိုင်းကတော့ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်ကြတယ်။အချို့ကဆေးပစ္စည်းတွေကို ဝယ်ယူကြပြီး အချို့ကတော့ မှော်လက်နက်တွေကို ပြင်ဆင်ကြတယ်။အချို့ကတော့ ပစ္စည်းတွေရရှိဖို့အတွက် တိုက်ခိုက်ကြတယ်။မင်းက မြို့ရဲ့ထောင့်တိုင်းနေရာတိုင်းမှာ တိုက်ခိုက်နေတာကို တွေ့မြင်နိုင်ပြီး မြို့သူမြို့သားတွေက ကြောက်လန့်နေရတယ်။

COTAW(unicode)Where stories live. Discover now