Chapter(102ဝူရုန်၏ဆုတောင်း
ညနက်သထက်နက်လာပြီး လေပြင်းတွေတိုက်ခတ်လာပြီး နှင်းတွေလည်းကျဆင်းလာပြီဖြစ်တယ်။ဒါကြောင့် ဆီမီးလွှတ်ပွဲသည် ပြီးဆုံးသွားပြီဖြစ်တယ်။
ဥကလေးသည် ရထားလုံးပေါ်ရောက်ပြီးမကြာခင်မှာဘဲ ဟေးရွမ်ရီ၏လက်မောင်းထဲမှာ အိပ်မောကျသွားတယ်။
ဝူရုန်သည် ဥကလေးက အိပ်ပျော်နေတာတောင် ပြုးနေသည့်ပုံကိုကြည့်ပြီး ရယ်လိုက်တယ်။ကြည့်ရတာတော့ ဒီနေ့ဥကလေးက အလွန်ပျော်ရွှင်ခဲ့ပုံရတယ်။
ဟေးရွမ်ရီသည် ရယ်သံကိုကြားတာကြောင့် ဝူရုန်ကိုကြည့်လိုက်ပြီးမေးလိုက်တယ်"ပျော်နေတာလား?"
ဝူရုန်က သူရယ်နေတာကို ဟေးရွမ်ရီက မိသွားတာကြောင့် ခေါင်းငြိမ့်ပြီးပြောလိုက်တယ်။
"အွင်း ဒီနေ့ကျွန်တော်အရမ်းပျော်နေတယ်။ကျွန်တော်က ဒီအချိန်မတိုင်ခင်တုန်းက အချိန်အတော်ကြာအောင် မပျော်မရွှင်ဖြစ်ခဲ့ရတယ်"
သူက အရင်ဘဝတုန်းက သူ့အကိုကြီးနဲ့ညီမလေးက သေဆုံးသွားကတည်းက သူကမပျော်ရွှင်ခဲ့ဘူး။သူက ဒီလိုမျိုးအံ့ဩစရာကောင်းသည့် မကောင်းဆိုးဝါးဆာလောင်ခြင်းပွဲတော်မှာ အချိန်မကုန်ဆုံးခဲ့တာ အတော်ကိုကြာနေပြီဖြစ်တယ်။
သူ့အတွက် အပျော်ရွှင်ဆုံးကတော့ သူက ဟေးရွမ်ရီ ဥကလေးတို့နှင့်အတူ စွပ်ဖားလှည်းပြိုင်ပွဲဝင်ခဲ့တာဘဲ။သူက သူ့သားနှင့်အတူ မြစ်ကမ်းပါးမှာကစားခဲ့တာက သူ့ကိုအလွန်ပျော်ရွှင်စေတယ်။
အခုချိန်မှာ သူ့မိသားစုဝင်တွေ အားလုံးက ဘေးကင်းလုံခြုံစွာနှင့် အသက်ရှင်နေသေးတာကို တွေးကြည့်လိုက်တာနှင့် သူ့နှလုံးသားတစ်ခုလုံးက အပျော်တွေနှင့်ပြည့်လာပြီး ဝူရုန်၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးဖြစ်ပေါ်လာတယ်။
ဝူရုန်၏တောက်ပသည့်အပြုံးသည် ဟေးရွမ်ရီကို မိန်းမောတွေဝေစေတယ်။ဒီအပြုံး၏တောက်ပနေမှုကို ကြည့်လိုက်တာနှင့် ဝူရုန်က ဝိတ်ကျလာသည့်အခါ ဘယ်လောက်တောင်လှလိုက်မလဲဆိုတာ သိနိုင်တယ်။