Chapter(101)

5.2K 1K 18
                                    

Chapter(101)ပန်းပွင့်ပုံဆီမီးခွက်

ဝူရုန်နှင့်ဟေးရွမ်ရီတို့သည် မြို့ထဲကိုပြန်ရောက်ပြီး ညစာစားပြီးသည့်အချိန်မှာတော့ အပြင်မှာလုံးဝမှောင်နေပြီဖြစ်ပြီး မီးအိမ်တွေကို လွှတ်နေကြပြီဖြစ်တယ်။

ဂိုလင်းမြို့တစ်မြို့လုံးနေရာအနှံ့ဆီမီးခွက်တွေကို မျှောနေကြပြီဖြစ်တယ်။လမ်းကြိုလမ်းကြားပါမကျန် လူတွေက ယောက်ယက်ခတ်သွားလာနေကြတယ်။အချို့လူတွေက မီးမှုတ်ပြီး သရုပ်ပြနေတာကို ကြည့်နေကြသည်။အချို့လူတွေကတော့ ပန်းပွင့်ပုံဆီမီးခွက်တွေကို လက်ဖဝါးပေါ်တင်ပြီး ကနေသည့် မိန်းမပျိုတွေကို ကြည့်နေကြပြီး အချို့ကတော့ ပဟေဌိဝှက်တာတွေကို ခန့်မှန်းနေကြသည်။

ဝူရုန်တို့ကလည်း မီးမှုတ်သည့်ပြကွက်တွေ မိန်းမပျိုလေးတွေမီးခွက်နှင့်ကနေတာတွေကို ကြည့်ပြီးနောက် ဟေးရှင်းက ဝူရုန်တို့အတွက် ကြိုတင်ပြီးဝယ်ပေးထားတဲ့ ပန်းပွင့်ပုံဆီမီးခွက်တွေကို ရေထဲမှာမျှောဖို့အတွက် သူတို့က မြစ်စီကိုသွားလိုက်ကြပြီး မီးခွက်တွေကို မျှောဖို့အတွက် လုပ်ကြသည်။

ဝူရုန်သည် ပန်းပွင့်ပုံဆီမီးခွက်ရဲ့အပေါ်မှာ"ငါ့ရဲ့မိသားစုအားလုံးဘေးကင်းလုံခြုံမှုရှိပါစေ"လို့ရေးသားလိုက်ပြီး ရေထဲကို မျှောလိုက်သည်။

ဥကလေးသည် ပန်းပွင့်ပုံဆီမီးခွက်ကို ကိုင်ထားပြီး ဟေးရွမ်ရီထံကိုလာပြီးပြောလိုက်သည်။

"ဖေဖေ သားသားအတွက် ဒီမှာ စာရေးပေးပါလား?"

ဟေးရွမ်ရီသည် ဥကလေးကို သူ့လက်မောင်းထဲကို ဆွဲထည့်လိုက်ပြီး မေးလိုက်သည်။

"ဘာကိုရေးပေးစေချင်တာလဲ?"

"သားသားက ဖေဖေနဲ့ပါးပါးတို့နဲ့အတူ ထာဝရအမြဲတမ်းအတူရှိဖို့ မျှော်လင့်ပါတယ်"

ဒီစကားတွေကိုကြားတာနှင့် ဝူရုန်သည် အံ့အားသင့်စွာနှင့် ဟေးရွမ်ရီနှင့်ဥကလေးကို ဆက်ခနဲလှည့်ကြည့်လိုက်သည်။

ဟေးရွမ်ရီသည်လည်း ဝူရုန်ကို လှမ်းကြည့်မိသည်။သူတို့က တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာကြည့်နေပြီး ဥကလေး၏အော်သံကြားမှ သတိဝင်လာကြသည်။

COTAW(unicode)Where stories live. Discover now