231-232

3.1K 578 7
                                    


Chapter(231)
ကလန်လေးခုပွဲတော်(3)

အင်ပါယာမြို့တော်အတွင်းမှာ အဓိကမိသားစုကြီး ဆယ်စုရှိတယ်။သူတို့၏အမည်က ဝူမိသားစု ယိုမိသားစု ကျန်းမိသားစု ဆောင်မိသားစု လင်းမိသားစု ဝမ်မိသားစု ရန်မိသားစု ရှန်းမိသားစု ယီမိသားစုနှင့်လုမိသားစုတို့ဖြစ်တယ်။ဝူမိသားစုက အစွမ်းထက်ဆုံးမိသားစုက သူတို့နှင့်မဟာမိတ်ဖွဲ့ထားတဲ့မိသားစုတွေလည်း ရှိတယ်။ယို ရှန်း ကျန်း ဆောင် နှင့် ဝူတို့က တစ်ဖက်တည်းမှာရှိတာဖြစ်တယ်။ဒါကြောင့် ဝူဝေ့ရွယ်ရဲ့ရထားလုံးထဲမှာ ယိုမိသားစု ကျန်းမိသားစု ဆောင်မိသားစု နှင့် ရှန်းမိသားစုတို့မှ သခင်မလေးတွေရှိနေတာဖြစ်တယ်။

အခြားသောမဟာမိတ်ဖွဲ့ထားတဲ့မိသားစုငါးခုထဲမှာတော့ လင်းမိသားစုက ခေါင်းဆောင်ဖြစ်ပြီး လင်းမိသားစုကို အခြားသောမိသားစုလေးခုက လေးစားကြတယ်။လင်းမိသားစုက အိမ်ရှေ့စံဘက်မှာရပ်တည်တာဖြစ်တယ်။

ဝူမိသားစုနှင့်အတူ အခြားသောမိသားစု လေးခုကတော့ဒုတိယမင်းသားကို ထောက်ပံ့ပေးတာဖြစ်တယ်။

လွန်ခဲ့တဲ့နှစ်တွေကတည်းက နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အခွင့်အရေးရရင် ရသလို လှောင်ပြောင် တိုက်ခိုက်ကြတာဖြစ်တယ်။ဝူဝေ့ရွယ်ကို ပျက်ရယ်ပြုလိုက်တဲ့ သူကတော့ လင်းမိသားစုမှဖြစ်တယ်။သူကလင်းမိုဟန်ရဲ့ဝမ်းကွဲလင်းကျီရှန်းဖြစ်တယ်။

ဝူဝေ့ရွယ်က သူမရဲ့အဘိုးက ဂရန်းမစ္စတာတစ်ယောက်ဖြစ်စေကာမူ လင်းကျီရှန်းက ဧကရီရဲ့လင်းမိသားစုမှဖြစ်တာကြောင့် သူမက လင်းကျီရှန်းကို မထိန်းချုပ်နိုင်ဘူး။ဒါကြောင့်သူမက မျက်နှာတွေနီလာတဲ့အထိဒေါသထွက်လာတာတောင် သူမကရထားလုံးပေါ်မှာဘဲဆက်ထိုင်နေပြီး ပျက်ရယ်ပြုခံရတာကို ဂရုမိစိုက်သလိုနေနေရတယ်။

ဇီထောင်ကဝူရုန်ကိုပြောလိုက်တယ်"သခင်လေးဝူရုန် သူပြောတာကို နားမထောင်နဲ့။ကျွန်မရဲ့သခင်မက ဒီလိုမျိုးမလုပ်ဘူး"

သူမကပြောလိုက်ပြီးတာနှင့် သူမနေရာမှာ သူမပြန်ထိုင်နေလိုက်တဟ်။

ဝူဝေ့ရွယ်က အခြားသောမိန်းမပျိုလေးယောက်ကို စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်တယ်"တကယ်လို့မင်းတို့ တို့ကိုမယုံကြည်ဘူးဆိုရင်တောင် ရထားလုံးပေါ်ကဆင်းဖို့နောက်ကျသွားပြီ"

COTAW(unicode)Where stories live. Discover now