298-299

2.4K 479 4
                                    

298-299
Chapter(298)
မင်းကိုယ်တိုင်သာသတိထားနေပါ(1)

ဝူချွင်ဟောင်က သူမကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားမိတာကြောင့် ရုတ်ချည်းလှည့်ကြည့်လိုက်တော့ ဝူရုန်ကို တွေ့လိုက်ရတယ်။သူမက ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့လှပတဲ့သူကို ကြည့်ပြီး ရင်းနှီးတယ်ဟု ခံစားရပြီး မေးလိုက်တယ်"သူက...."

"သူက ဝူရုန်။အခု နောက်ပိုင်းမှ သူ
ဝိတ်ကျသွားတာ။မင်းသူ့ကိုမသိတာ အံ့သြစရာမရှိဘူး"ဝူချွင်ချင်က ပြောလိုက်တယ်။

ဝူချွင်ဟောင်က ဝူရုန်မှန်းသိသွာတော့ သူက ခြားနားမှုမရှိတော့ဘဲ"ဒီတော့ မင်းက ဝူရုန်ပေါ့"

သူက ဘယ်လိုဘဲလှပနေပါစေ စိတ်စွမ်းအင်မရှိတဲ့သူက အသုံးမဝင်မှန်း လူတိုင်းသိတယ်။

ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး သူမကိုနှုတ်ဆက်ဖို့တော့ ရည်ရွယ်ချက်မရှိဘူး။

ဒီမိန်းမက သူကလေးဘဝတုန်းက သူ့အဖေရှေ့မှာတော့ သူမက သူ့ကိုနှစ်သက်သလိုဟန်ဆောင်ခဲ့တယ်။သို့သော်လည်း သူ့အဖေရဲ့နောက်ကွယ်မှာတော့ သူမက သူ့ကိုဂရုမစိုက်ရုံသာမက ပျက်ရယ်ပြုတာတွေတောင်ရှိခဲ့တယ်။ဝူရုန်က သူအရွယ်မရောက်ခင် အချိန်အထိ ဒီလိုဇာတ်ကွက်ကို နားမလည်နိုင်ခဲ့ဘူး။

ဝူချွင်ဟောင်က သူမကို ဝူရုန်က ဘယ်လိုမြင်လဲဆိုတာ ဂရုမစိုက်ပါဘူး။သူမက ဝူရုန်ကို အကြည့်လွှဲလိုက်ပြီး ဝူရုန်နောက်မှာရှိနေတဲ့ အလွန်ကို ချောမောတဲ့သူကို ကြည့်လိုက်ပြီး မေးလိုက်တယ်"သူကရော ဘယ်သူလဲ?"

"သူက ဝူရုန်ရဲ့ခင်ပွန်း"ဝူချွင်ချင်က မိတ်ဆက်ပေးလိုက်တယ်။

ဝူချွင်ချင်က  သူ့သားရဲ့လက်ထပ်မှုက ဝမ်းနည်းစရာကောင်းတယ်လို့ခံစားရတာကြောင့် ဝူချွင်ဟောင်ထံကို ဟေးရွမ်ရီအကြောင်းကို စာမရေးခဲ့ဘူး။ပြီးတော့ နောက်ပိုင်းမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့တာကြောင့် သူက ဒီအကြောင်းကို မေ့သွားခဲ့တယ်။ဒါကြောင့် ဝူချွင်ဟောင်က ဝူရုန်က ယောက်ျားတစ်ယောက်နှင့် လက်ထပ်ခဲ့တာကို မသိဘူး။

COTAW(unicode)Where stories live. Discover now