Chapter(80)

5.8K 1K 8
                                    

Chapter(80)သူတို့က တိုက်ခိုက်နေကြတယ်(၂)

"အထဲမဝင်ဘူး။ဒီမှာဘဲ လူတိုင်းသိအောင်အမှန်တရားကို ပြောမယ်"ဝူအန်းယန်သည် ဝူချူကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်"မင်းရဲ့သားက ငါ့ဇနီးလောင်းကို ဆွဲဆောင်ဖို့ကြိုးစားတယ်။သူက ငါတို့ရဲ့ဆက်နွယ်မှုကို သိတာတောင် လုပ်ရဲတယ်။ပြီးတော့ ငါ့ကို ဇောင်ချူယောင်းက ရုပ်ဆိုးပြီးအသုံးမကျတဲ့လူဆိုပြီး ငါ့ကိုလိမ်ညာပြီး စေ့စပ်ပွဲပျက်အောင်လုပ်တယ်။ငါက ဒီအကြောင်းတွေကို ဟူအန်းမြို့ရောက်မှ အရူးလုပ်ခံရမှန်းသိရတယ်"

"ချူအာ ဒါအမှန်ဘဲလား?"ဝူချွင်ချင်သည် ဒေါသတကြီးမေးလိုက်တယ်။

ဝူချူက ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်စွာနေခြင်းဖြင့်ဝန်ခံလိုက်တယ်။

ဝူချွင်ဂျင်က ဝူချူ၏မျက်နှာကို ဖျက်ရိုက်ပစ်လိုက်ပြီး ဝူချူက မြေကြီးပေါ်လဲကျသွားတယ်။

စန်းထန်းကျီက ရှေ့ထွက်လာပြီး သူမသား၏ပါးစပ်မှသွေးတွေကိုကြည့်ပြီး သူမနှလုံးသားတစ်ခုလုံးက နာကျင်လာပြီး အော်လိုက်တယ်။

"ဝူချွင်ဂျင် ရှန်အမှန်တရားကို သေချာမသိသေးဘဲ ဘာလို့ ချူအာကို ရိုက်ရတာလဲ?"

ဝူချွင်ဂျင်က သူ့ဇနီးက သူ့အမည်အပြည့်အစုံကိုခေါ်တာကြောင့် ဒေါသထွက်လာပြီး ပြန်အော်လိုက်တယ်။

"မင်းရဲ့သားကို ဘာဖြစ်ခဲ့တာလဲဆိုတာ မေးလိုက်"

စန်းထန်းကျီက ဝူချူကိုထူပေးလိုက်ပြီး မေးလိုက်တယ်"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အမေ့ကိုပြောပြ"

ဝူချူက နှုတ်ခမ်းထောင့်က သွေးတွေကို လက်နှင့်သုတ်လိုက်ရင်း ရှင်းပြလိုက်တယ်။

"အမေ ကျွန်တော်က ဝမ်းကွဲရဲ့ဇနီးလောင်းကို ဆွဲဆောင်တာ မဟုတ်ဘူး။ကျွန်တော်နဲ့ချူယောင်းက သူတို့မစေ့စပ်ခင်ကတည်းက သိကြတာ"

"မင်းပြောသလို မင်းတို့က ငါတို့မစေ့စပ်ခင်ကတည်းက သိတယ်ဆိုရင်တောင် အခု ငါတို့က စေ့စပ်ပြီးသွားပြီ။ဒါကြောင့် မင်းက သူမကိုရှောင်သင့်တယ်လေ။အခုတော့ မင်းက သူမကို မရှောင်တဲ့အပြင် သူမနားကို ပိုကပ်ခဲ့တယ်။ပြီးတော့ ငါ့ကို ငါ့ယောက္ခမလောင်းတွေက ငါ့ကိုမကောင်းတဲ့လူလို့ထင်ပြီး စေ့စပ်ပွဲပျက်အောင် မင်းလုပ်ခဲ့တယ်"

COTAW(unicode)Where stories live. Discover now