Chapter(89)အရာရာတိုင်းက ဘေးအန္တရာယ်ကို ညွှန်ပြနေတယ်
"သူတို့က အရင်ကတည်းက သေပြီးသားတွေ။သူတို့လှုပ်ရှားနိုင်တာက သူတို့မှာ ဝိညာဉ်တစ်ခုရှိသေးလို့ဘဲ"ဝူရုန်က ရှင်းပြလိုက်တယ်။
(တရုတ်လူမျိုးတွေရဲ့ အယူအရ လူတစ်ယောက်တွင် ဝိညာဉ်သုံးခုရှိတယ်)
"သူတို့က ဘဝမကူးနိုင်ဘူးလား?"ဝူချွင်ချင်က မေးလိုက်တယ်။
"ဒါက အချိန်တစ်ခုတော့ လိုလိမ့်မယ်။သူတို့က အလုပ်အကျွေးပြုနေတာကြောင့် တစ်ချိန်ကျရင်တော့ သွားခွင့်ရပါလိမ့်မယ်။အဲဒီအချိန်ကျရင် ဘဝကူးခွင့်ရပါလိမ့်မယ်"ဝူရုန်က ပြောလိုက်တယ်။
"ဒါက မကောင်းတဲ့မှော်ပညာနဲ့ ဝိညာဉ်တွေကို ထိန်းချုပ်ထားတာမလား?"ဝူဇူက ပြောလိုက်တယ်။
"အကိုကြီးကလည်း စိတ်ဝိညာဉ်တွေကို ထိန်းချုပ်တာဘဲလေ။ဒါကိုလည်း မကောင်းတဲ့မှော်ပညာလို့ပြောလို့ရတာဘဲလေ"ဝူရုန်က ပြောလိုက်တယ်။
"ဒါက မတူဘူးလေ"
ဝူရုန်သည် ဟေးရွမ်ရီကို သူ့မိသားစုက မကောင်းပြောတာကို မကြိုက်တာကြောင့် ပြောလိုက်တယ်။
"ရှင်လျက်နဲ့သေနေသူကကို ထိန်းချုပ်တာက မကောင်းတာတော့ မဟုတ်ပါဘူး"
ဝူချွင်ချင်သည် သူ့သားငယ်က သူ့ခင်ပွန်းကို မကောင်းပြောတာကို မကြိုက်ဘဲ ကာကွယ်နေတာကို သတိထားမိတာကြောင့် စကားလမ်းကြောင်းလွှဲပြီးပြောလိုက်တယ်။
"ရုန်အာ အဖေတို့က လမ်းလျှောက်ရတာ ပင်ပန်းနေပြီ။တစ်နေရာမှာ သွားနားရအောင်"
"အင်း အခုလောက်ဆို နေ့လယ်စာအဆင်သင့်ဖြစ်နေလောက်ပြီ။ခန်းမထဲကို သွားရအောင်"
ဝူရုန်တို့က ခန်းမထဲကို ရောက်လာတော့ ဟေးရှင်းသည် အလုပ်ရှုပ်နေရာမှ ရောက်လာပြီး ပြုံးပြီးပြောလိုက်တယ်"အားလုံးကို ကြိုဆိုပါတယ်။ကျွန်တော်တို့က လုံလောက်အောင် မပြင်ဆင်ရသေးတဲ့အတွက် စိတ်မရှိဖို့ မျှော်လင့်ပါတယ်"
"အိန်တော်ထိန်းဟေးက ကြင်နာလွန်းနေပါပြီ"ဝူချွင်ချင်က စိတ်ရင်းနှင့် ပြုံးပြီး နှုတ်ဆက်လိုက်တယ်။