Chapter(73)

5.6K 1K 13
                                    

Chapter(73)ဟေးရွမ်ရီကို အလုပ်အကျွေးပြုရမယ်(၂)

ဟေးဂန်းက ဥကလေးကို ပွေ့ချီပြီးဝင်လာခဲ့တယ်။

ဥကလေးက ဝူရုန်ကိုတွေ့တော့ ဟေးဂန်းအပေါ်မှ ရုန်းကန်၍ဆင်းလိုက်ပြီး ဝူရုန်ထံကို ယိုင်တိုင်တိုင်နှင့် လျှောက်လာပြီး ဝူရုန်၏ခြေထောက်ကို ဖက်ထားလိုက်ပြီး ပျော်ရွှင်စွာရယ်မောလိုက်တယ်။

"ဥကလေးက စကားမပြောသေးဘူးလား?"ဝူရုန်က ဥကလေး၏ခေါင်းကို ပွတ်ပေးလိုက်ပြီး မေးလိုက်တယ်။

"သခင်ငယ်လေးက စကားမပြောသေးဘူး။ဒါပေမဲ့ ကျွန်တော်က သူ့ကိုပါးပါးလို့ခေါ်တာကို သင်ပေးနေပြီး မကြာခင်မှာ ကြင်ယာတော်ကို ပါးပါးလို့ခေါ်ပါလိမ့်မယ်"ဟေးရှင်းက ရှင်းပြလိုက်တယ်။

"ပါးပါးလို့ခေါ်ကြည့်"ဝူရုန်က ဥကလေး၏ပါးကို လက်ညှိုးလေးနှင့် ထိုးပြီးပြောလိုက်တယ်။

ဥကလေးက ဝူရုန်ပြောတာကို နားလည်ဖို့ကြိုးစားနေသလို သူ့ရဲ့တောက်ပတဲ့မျက်ဝန်းတွေကို ကာရံထားတဲ့ မျက်တောင်တွေကို တဖျက်ဖျက်ခတ်ပြီး ဝူရုန်ကို ကြည့်နေတယ်။

"ပါးပါးလို့ခေါ်ရင် မနေ့တုန်းက မင်းအမှားလုပ်တာကို ခွင့်လွတ်ပေးမယ်။ပြီးတော့ ဦးလေးဟေးရှင်းနဲ့လည်း အပြင်ထွက်ပြီး ကစားဖို့ ခေါ်သွားခိုင်းမယ်။ပါးပါးလို့ခေါ်ကြည့်"ဝူရုန်က ပြောလိုက်တယ်။

"ပါးပါး"ဥကလေးက ခေါ်လိုက်တယ်။

"သခင်ငယ်လေးက စကားပြောတတ်တယ်"ဟေးရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

"......"ဟေးဂန်း

"မင်းလေးက စကားပြောမတတ်ချင်ဟန်ဆောင်နေတာပေါ့"ဝူရုန်က ဥကလေး၏ပါးကိုပုတ်ပြီး ပြောလိုက်တယ်။

ဥကလေးက ပျော်ရွှင်စွာ ဟေးရှင်း၏ခြေထောက်ကို သွားပြေးဖက်လိုက်တယ်။

"မနက်စာစားပြီးရင် အပြင်ကို ကစားဖို့ခေါ်သွားမယ်"ဟေးရှင်းသည် ဥကလေးကို ပွေ့ချီလိုက်ပြီးပြောလိုက်တယ်။

"မနေ့တုန်းကလိုမျိုးပြသနာတွေရှာရင် နောက်တစ်ခါအပြင်မှာ သွားမကစားခိုင်းတော့ဘူး"ဝူရုန်က ဥကလေးကို သတိပေးလိုက်တယ်။

COTAW(unicode)Where stories live. Discover now