302-303

2.7K 457 4
                                    

302-303
Chapter(302)
ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်(1)

"......"လူတိုင်း

ဝူရှိက ရေရွတ်လိုက်တယ်"အဲဒီလိုဆိုရင် အဲဒီလျှို့ဝှက်စွမ်းရည်ကြောင့် ကမာ္ဘပေါ်က လူတွေ ရူးသွားလိမ့်မယ်။ဒါပေမဲ့ ကြီးမြတ်တာကတော့ ကြီးမြတ်တာပါဘဲ။ငါတို့ကလည်း အဲဒါက အမှန်လားဆိုတာလဲ မသိဘူးနိုင်ဘူး။တကယ်လို့ ငါတို့ အဲဒီလျှို့ဝှက်စွမ်းရည်ကို ရှာတွေ့ခဲ့ရင်တောင် ငါတို့က အဲဒါကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိဘဲ ငါတို့ဘဝအတွက်အန္တရာယ်ရှိလာရင် အဲဒါက ငါတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဘဲ။ငါက ကမာ္ဘပေါ်မှာ အဆင့်တစ် ဖြစ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ပြီးတော့ ငါက ကမာ္ဘပေါ်မှာ အဆင့်တစ် ဖြစ်လာပြီးရင်တောင် ဘာလုပ်ရမလဲဆိုတာ သိမှာ မဟုတ်ဘူး။ဒါ့ကြောင့် ငါက အရိပ်သူခိုးကို စိတ်မဝင်စားဘူး"

ဒါက ဝူချွင်ချင်ရဲ့အတွေးနှင့်တူတယ်။သူက သူ့သမီးက သူနှင့်အတွေးတူတာကြောင့် အရမ်းကျေနပ်တယ်။

ဟေးရွမ်ထန်က ပြုံးပြီးပြောလိုက်တယ်"တကယ်လို့ မင်းကစိတ်မဝင်စားဘူးဆိုရင် မင်းက မင်းအခန်းကိုပြန်ပြီး ရေချိုး မင်းခန္ဓာကိုယ်ကို သန့်ရှင်းပြီး အဝတ်စားလဲသင့်ပြီ။အဲဒါတွေအားလုံးကို လုပ်ပြီးရင်တော့ ခန်းမထဲကိုပြန်လာပြီး နေ့လယ်စာစားသင့်ပြီ"

"ကောင်းပြီ။ငါ အခန်းထဲကို ပြန်တော့မယ်"ဝူရှိက ထွက်သွားလိုက်တယ်။

"ရွမ်ရီ ခင်ဗျား အဲဒီစွမ်းရည်ကို ဘယ်လိုထင်သလဲ?"ဝူရုန်က မေးလိုက်တယ်။

ဟေးရွမ်ရီက သူ့ကိုစောင်းကြည့်ပြီး ပြောလိုက်တယ်"ဖြစ်နိုင်တာတော့ တစ်စုံတစ်ယောက်က ဒီကောလဟာလတွေလုပ်ပြီး အသုံးချဖို့ ဖြစ်နိုင်မယ်"

"ဒါက ကျွန်တော်တွေးနေတာဘဲ"ဝူရုန်က အခြားသူတွေရဲ့စိတ်စွမ်းအင်တွေကို စုတ်ယူပြီး သူ့ရဲ့စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ပြီးတော့ အခြားလူတွေရဲ့စွမ်းရည်တွေ ပညာရပ်တွေကို သူက ဆရာသခင်အဆင့်မရောက်ခင်အထိ အခြားလူတွေရဲ့အာရုံစိုက်မှုကို မရရှိစေဖို့ အသုံးမပြုဖို့ ဆုံးဖြတ်လိုက်တယ်။

COTAW(unicode)Where stories live. Discover now