Chapter(190+191)

3.7K 697 24
                                    


Chapter(190)
ခင်ဗျား ဒါကိုမနှစ်မြို့စရာကောင်းတယ်လို့မထင်ဘူးလား(1)

ဝူရုန်က ဟေးရွမ်ရီရဲ့ရင်ဘတ်နားမှာခြေထောက်ကိုချိန်ရွယ်လိုက်ပြီး"ဟေးရွမ်ရီ ခင်ဗျားဘာကိုကြည့်တာလဲ?ဘယ်နေရာကများ ဒဏ်ရာရလို့လဲ?"

ဟေးရွမ်ရီက ဝူရုန်ရဲ့ရှက်သွေးဖျာနေတဲ့ခန္ဓာကိုယ်ကြောင့် သူက ထကြွလာပြီးအက်ကွဲနေတဲ့အသံနှင့်ပြောလိုက်တယ်"ဟုတ်တယ် ဒီနေရာမှာရှိတယ်"

"ဘယ်နေရာမှာလဲ?"ဝူရုန်ကအံ့အားသင့်သွားတယ်။သူကဘာကြောင့် နာကျင်မှုကို မခံစားရတာလဲ?

ဟေးရွမ်ရီက ဝူရုန်ရဲ့ခြေထောက်ကို ဆွဲမလိုက်ပြီး ဝူရုန်ရဲ့အရာရဲ့အောက်နားက နီနေတဲ့နေရာကိုကြည့်လိုက်တယ်။

ဝူရုန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက်တော့မှ သူကဟေးရွမ်ရီဆိုလိုတာကိုနားလည်သွားပြီးအော်လိုက်တယ်"ဟေးရွမ်ရီ!လူလိမ်!"

(T/N .ဟေးရွမ်ရီကဘာကိုဆိုလိုမှန်းကိုယ့်ဘာသာကိုယ်တွေးကြကုန်)

သူက ဟေးရွမ်ရီကို အဝေးကိုရောက်သွားအောင် ကန်လိုက်တယ်။သူက ထပ်ပြီးတော့ကန်ဖို့လုပ်လိုက်ပေမဲ့ ဟေးရွမ်ရီက သူ့ခြေထောက်ကို ကိုက်ပြီး သူ့ကိုတားဆီးလိုက်တယ်။

"ခင်ဗျား..."ဝူရုန်ကနောက်လှည့်လိုက်ပြီး ဟေးရွမ်ရီကိုစိုက်ကြည့်လိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်ရဲ့နှုတ်ခမ်းကိုလျှင်မြန်စွာနမ်းလိုက်ပြီး ဝူရုန်က သူ့ခေါင်းကို ရှောင်ဖို့လုပ်တာကြောင့် အက်ရှတဲ့အသံနှင့်တားဆီးလိုက်တယ်"မလှုပ်နဲ့"

"ကျွန်တော် တကယ်ကိုလုပ်ရမှာပေါ့။ခင်ဗျား ကျွန်တော့်ရဲ့ခြေချောင်းတွေကို ကိုက်ပြီးကျွန်တော့်နှုတ်ခမ်းတွေကို နမ်းတယ်။ဒါက မနှစ်မြို့စရာကောင်းတယ်လို့ ခင်ဗျားမထင်ဘူးလား?"ဝူရုန်က သူ့ကိုစိုက်ကြည့်လိုက်တယ်။

"လုံးဝမထင်ဘူး"ဟေးရွမ်ရီက အနာကျက်ဆေးကို ယူပြီး ဝူရုန်ရဲ့နဖူးပေါ်မှာ လိမ်းပေးပြီးပြောလိုက်တယ်"နောက်တစ်ခါ ကိုယ့်ကိုကိုယ်မထိုခိုက်စေနဲ့...ကိုယ် မင်းသေစေချင်တဲ့ ဘယ်သူ့ကိုမဆို သတ်ပေးမယ်"

COTAW(unicode)Where stories live. Discover now