293-295

2.6K 484 5
                                    

Ch(293-295)

Chapter(293)
ဈာပနအသိပေးစာ(1)

ဝူချွင်ချင်နှင့်အခြားလူတွေ ပြန်သွားတဲ့အခါ ဝူရုန်က ဟေးရွမ်ထန်ကို ဥကလေးကို သူ့ခြံဝင်းကို ပြန်ပို့ခိုင်းလိုက်ပြီး ကျင်းရှင်နှင့်ရီကျဲကို ခေါ်ခဲ့ဖို့ ပြောလိုက်တယ်။

မကြာခင်မှာတော့ ကျင်းရှင်နှင့်ရီကျဲက ခန်းမထဲကိုရောက်လာတယ်။

ဝူရုန်က တိုက်ရိုက်ဘဲ ပြောလိုက်တယ်"မင်းတို့ဝူယုကို မှတ်မိသေးလား?ကျင်းရှင်ထံက သုံး-ခုနှစ်ကျောက်တုံးကို ခိုးသွားတဲ့သူလေ။အခုက မြို့ထဲကို ရောက်နေပြီ။ဒီနေ့ သူက ငါနဲ့အတူ ပြိုင်ပွဲမှာယှဉ်ပြိုင်တယ်။ဒါကဘဲ သူက သုံးခုနှစ်ကျောက်တုံးကို ခိုးထားတယ်ဆိုတာ သေချာပြီး ငါ့အကိုကြီးကို နတ်ဆိုးတွေ ဖမ်းသွားအောင် လုပ်တဲ့သူဆိုတာ သေချာတယ်"

သူက တိုက်ခိုက်နေတဲ့ အချိန်တုန်းက ပရိတ်သတ်တွေအများကြီးရဲ့အရှေ့မှာ ရှိနေတာကြောင့် သုံး-ခုနှစ်ကျောက်တုံးကို မယူခဲ့တာဖြစ်တယ်။

ရီကျဲက ထခုန်လိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်"ငါအခုချက်ချင်း သုံး-ခုနှစ်ကျောက်တုံးကို သွားယူမယ်"

"ဒါပေမဲ့ မင်းမသွားခင်မှာ ငါက အတည်ပြုစရာရှိသေးတယ်"ဝူရုန်က အစောတုန်းက ဖြစ်ပျက်ခဲ့တာကို ပြန်တွေးလိုက်ပြီး"ငါက ဝူယုရဲ့သွေးခုန်နှုန်းကို လျှို့ဝှက်စွာ စမ်းသပ်ကြည့်တော့ ငါက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်ကို တွေ့ခဲ့တယ်။ငါခန့်မှန်းတာတော့ သူက သုံး-ခုနှစ်ကျောက်တုံးနဲ့စာချုပ်ချုပ်လိုက်တာကြောင့် နတ်ဆိုးစိတ်စွမ်းအင် သူ့ကိုလွှမ်းမိုးသွားတယ်လို့ ထင်နေတာ"

သူက အစတုန်းကတော့ ဝူယုက လဝက်အတွင်းမှာ အဆင်နှစ်ဆင့်ကို ချိုးဖြတ်ခဲ့တာက ဘာကြောင့်လဲဆိုတာ သိချင်တာကြောင့် သူ့ရဲ့သွေးခုန်နှုန်းကို စမ်းသပ်ခဲ့တာဖြစ်တယ်။အံ့အသင့်စရာကောင်းစွာဘဲ သူက ဝူယုရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်ကို ခံစားမိခဲ့တယ်။ဒါကဘဲ သူက ဝူယုကို ဘာကြောင့် မသတ်ခဲ့တာလဲဆိုတာ ဖြစ်တယ်။လူသားတွေက နတ်ဆိုးစိတ်စွမ်းအင်လွှမ်းမိုးခံရရင် စွမ်းအင်မတည်မြဲတာတွေ စိတ်ဝိညာဉ်တွေက အမိန့်မနာခံတာတွေ နတ်ဆိုးအဖြစ်ပြောင်းလဲပြီး သေဆုံးသည်အထိဖြစ်လာနိုင်တာတွေ စသည့် ပြသနာအကြီးကြီးတက်နိုင်တယ်။ဒါကြောင့် ဝူယုက အသက်ရှည်ရှည်နေနိုင်ဖို့ မဖြစ်တာကြောင့် ဝူရုန်က သူ့ကိုသတ်ဖို့မလိုအပ်ဘူး။

COTAW(unicode)Where stories live. Discover now